ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁ %) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။ ချေးငွေသက်တမ်း ၁ နှစ် ပြည့်မြောက်ခဲ့ပြီးနောက် ပထမအကြိမ် ၆ လ၊ ဒုတိယအကြိမ် ၆ လနှင့် တတိယအကြိမ် ၁ နှစ်နှင့် စုစုပေါင်း ၃ နှစ်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။
ယခုအခါတွင်
ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်ပါသဖြင့် နေပြည်တော်ကောင်စီနယ်မြေနှင့်
တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပြန်လည်ပေးဆပ်ရန်
တာဝန်ကျန်ရှိနေသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အတိုး/ အရင်းများကို ၂၀၂၄
ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မတိုင်မီ အမြန်ဆုံးအပြေအကျေပြန်လည်ပေးဆပ်ပါရန်
အသိပေးကြေညာအပ်ပါသည်။
ကိုဗစ်-၁၉
ကြောင့် ဖြစ်ပေါ်လာနိုင်သည့်
စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ
No comments:
Post a Comment