Tuesday, June 11, 2024

စာပေဗိမာန်စာမူဆု (၂၀၂၃) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

 

ရန်ကုန် ဇွန် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်သည် ဘာသာပြန်စာပေဖွံ့ဖြိုးရေးနှင့် ဘာသာပြန်ဝါသနာရှင်များ တိုးပွားရေးအတွက် စာပေဗိမာန် စာမူဆုဘာသာပြန်စာမူပြိုင်ပွဲကို နှစ်စဉ်ဖိတ်ခေါ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြဋ္ဌာန်းစာအုပ်များကို စတင်ရောင်းချလျက်ရှိပါသည်။

၂၀၂၃ ခုနှစ်အတွက် ဘာသာပြန်ပြဋ္ဌာန်းစာအုပ်မှာ Bill Gates ရေးသားသည့် How To Prevent The NextPandemicမှ အခန်း (၄) ခုကို ထုတ်နုတ်ပြဋ္ဌာန်းထားသည့် စာအုပ်ဖြစ်ပါသည်။

ယင်းစာအုပ်ကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း ရန်ကုန်မြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း-၀၁၈-၃၈၁၄၄၈၊ သပြေကုန်း နေပြည်တော်ရှိ စာပေဗိမာန်အရောင်း ဆိုင် ဖုန်း-၀၆၇-၃၄၀၄၁၆၈၊ ၈၆ လမ်း၊ ၂၁ x ၂၂ ကြား၊ အောင်မြေသာစံမြို့နယ် မန္တလေးမြို့ရှိ စာပေဗိမာန်အရောင်းဆိုင် ဖုန်း ၀၂-၄၀၃၀၁၈၆ တို့တွင် တန်ဖိုးငွေကျပ် ၁၈၀၀ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူတင်သွင်းရာတွင် သတ်မှတ်ထားသည့် ပြိုင်ပွဲဝင်ပုံစံဖြင့် တင်သွင်းခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပုံစံနှင့် စည်းကမ်းချက်များကို စာပေဗိမာန်ရုံးတွင် ငွေကျပ် ၂၀၀ ဖြင့်သော်လည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ Website : www.moi.gov.mm/ppd တွင် အခမဲ့သော်လည်းကောင်း ရယူနိုင်ပါသည်။ နယ်မှ ပြိုင်ပွဲဝင်လိုသူများသည် စာအုပ်တန်ဖိုးနှင့် စာအုပ်ပို့ခအပါအဝင် စုစုပေါင်းငွေကျပ် ၅၀၀၀ ကို ငွေပို့လွှာဖြင့် ဥက္ကဋ္ဌ၊ စာပေဆုများအုပ်ချုပ်ထောက်ပံ့မှုကော်မတီ၊ စာပေဗိမာန်ရုံး၊ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁၈-၃၈၁၄၄၉ သို့ လိပ်မူ၍ မှာယူနိုင်ပါသည်။

ပြိုင်ပွဲဝင်စာမူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား၍ အထက်ဖော်ပြပါ လိပ်စာသို့ပင် လိပ်မူ၍ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment