နေပြည်တော် ဇွန် ၁၇
“အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများကို သတ်မှတ်လူဦးရေထက် အဆမတန် စုပြုံထားရှိသဖြင့် အကျဉ်းသားများ အခက်အခဲကြုံနေရ” ခေါင်းစဉ်ဖြင့် Tachileik News Agency Facebook Page က ဇွန် ၇ ရက်တွင် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံသတင်းရေးသား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Tachileik News Agency Facebook Page ၏ ဖော်ပြမှုသည် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး
ဖြစ်စဉ်အမှန်မှာ မန္တလေးဗဟိုအကျဉ်းထောင်တွင် ပင်မထောင်မကြီးနှင့် အသစ်ထပ်မံဆောက်လုပ်ထားသော
ထောင်သစ်ဟူ၍ ထောင်နှစ်ခုရှိပြီး အကျဉ်းသားတစ်ဦးလျှင် ၁၈ စတုရန်းပေနှုန်းဖြင့် လက်ခံထိန်းသိမ်းထားကာ
လက်ခံနိုင်သည့် အင်အားထက် ပိုမိုခြင်းမရှိကြောင်း။
ဖြစ်စဉ်နှင့််ပတ်သက်၍ စိစစ်ရာတွင် ထိန်းသိမ်းထားရှိသော အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား
အချုပ်သူတို့အား အကျဉ်းထောင်လက်စွဲဥပဒေပါအတိုင်း အဝတ်အထည်များကို လိုအပ်သည့် အတိုင်းအတာအထိ
ထားရှိရန် ခွင့်ပြုပေးထားပြီး အကျဉ်းထောင်မှ သတ်မှတ်အဝတ်အထည် နှုန်းထားအလိုက် ထုတ်ပေးထားရှိကာ
အကျဉ်းထောင်အတွင်း အိပ်ဆောင်များတွင် အဝတ် လှမ်းစင်များ ပြုလုပ်ပေးထားသောကြောင့် လျှော်ဖွတ်ပြီး
အဝတ်များကို ခြောက်သွေ့စေရန် အခက်အခဲမရှိ ဆောင်ရွက်နိုင်ကြောင်း အကျဉ်းထောင်တာဝန်ရှိသူက
ရှင်းလင်းပြောကြား သည်။
ထို့အတူ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းထောင်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများဖြင့်
အကျဉ်းသား/ အချုပ်သားများ၏ ကျန်းမာရေးကို စနစ်တကျ ကုသပေးလျက်ရှိကြောင်း၊ ပြင်ပလူသစ်
ရောက်ရှိလာသည့် အခါတွင်လည်း ပွေး၊ ဝဲ၊ ယားနာများ ပါ/ မပါ စစ်ဆေးပြီး ပါရှိလာပါကလည်း
ကျန်းမာရေးဝန်ထမ်းများ ရှေ့မှောက်တွင် ဆေးစား/ ဆေးလိမ်းခြင်းကို နေ့စဉ်ကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊
အကျဉ်းသား/အချုပ်သားတစ်ဦးလျှင် နံနက်/ ည ချိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးထားပြီး
တစ်ဦးလျှင် သောက်ရေ၊ သုံးရေ တစ်နေ့ ၄၈ ဂါလန်ခန့် ရရှိသုံးစွဲနိုင်ကြောင်း၊ အဝတ်မခြောက်၍၊
အဝတ်မလုံလောက်၍ ဖြစ်ရသော ပွေး၊ ဝဲ၊ ယားနာ လူနာများမရှိကြောင်း သိရသည်။
အလားတူ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိကြောင်း၊ လတ်တလောတွင် အကျဉ်းသူအချင်းချင်း
ခိုက်ရန်ဖြစ်ပွားမှုမရှိကြောင်း၊ ကိုယ်ဝန်ဆောင် အကျဉ်းသူ/ အချုပ်သူများ၊ ကလေးမိခင်များနှင့်
ကလေးငယ်များအား သီးခြားအိပ်ဆောင်တွင် နေရာချထားပေးပြီး ဖြည့်စွက်အစားအစာကျွေးမွေးခြင်း၊
ကျန်းမာရေးဝန်ထမ်းများက နေ့စဉ်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မိသားစုစည်းရုံးရေးနှင့်
စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့မှ တစ်လတစ်ကြိမ် အစားအသောက်နှင့် အဝတ်အထည်များ ပံ့ပိုးပေးခြင်း၊
မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ပြီး လိုအပ်သည့် ကာကွယ်ဆေးများကို သတ်မှတ်ကာလအလိုက်
တိုက်ကျွေး/ထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် အစားအသောက်ဝေငှရာတွင်လည်းကောင်း၊
ချိုးရေ/ သုံးရေ သုံးစွဲရာတွင်လည်းကောင်း သီးခြားဆောင်ရွက်ပေးခြင်းတို့ကြောင့် ကလေးများ၌
အပူနာ၊ မိတ်ဖုများ၊ အရေပြား ရောဂါများ စွဲကပ်ခြင်းမရှိကြောင်း သိရသည့်အတွက် Tachileik
News Agency Facebook Page တွင် ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန်နှင့်
ထင်ယောင်ထင်မှား ဖြစ်စေရန် အဖျက်အမှောင့်ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်။
မင်းသူ
No comments:
Post a Comment