နေပြည်တော် ဇွန် ၁၇
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများ ကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ဇွန် ၁၇ ရက်တွင် အေးရှားဝေါဆိပ်ကမ်း (AWPT-2) မှ ပြောင်းစေ့တန်ချိန် ၅၄၀၀ နှင့် မင်းထက်မင်း ဆိပ်ကမ်း (MHM)မှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တင်ပို့ခဲ့သည်။
ထို့အပြင် ဇွန် ၁၈ ရက်တွင် ဆူးလေဆိပ်ကမ်း (SPW) မှ ဆန်တန်ချိန် ၅၈၈၀၀ ၊ အလုံ
အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT) မှ ပြောင်းစေ့တန်ချိန် ၃၃၀၀၀ ၊ ဆန်တန်ချိန် ၁၂၅၀ဝ
၊ ယခင်ဗိုလ်အောင် ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT)မှ ဆန်တန်ချိန် ၁၀၀၀ဝ ၊
ပြောင်းစေ့တန်ချိန် ၂၅၀၀၀၊ Yangon International Gateway Terminal (YIGTL) မှ ဆန်တန်ချိန်
၁၂၅၀၀၊ Myanmar Integrated port Limited terminal (MIPL) မှ ပြောင်းစေ့တန်ချိန်
၂၅၀၀၀၊ မင်းထက်မင်းဆိပ်ကမ်း(MHM)မှ ပြောင်းစေ့တန်ချိန် ၂၇၀၀၊ သီလဝါဆိပ်ကမ်း (Myanmar
International Terminal Thilawa) မှ ပြောင်းစေ့တန်ချိန် ၁၀၈၀၀ ၊ မြန်မာ့စက်မှု ဆိပ်ကမ်း
(Myanmar Industrial Port-MIP)မှ ဆန်တန်ချိန် ၁၀၀၀၀၊ ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀၊
သီလဝါဆိပ်ကမ်း (Thilawa Multipurpose International Terminal-TMIT)မှ ပြောင်းစေ့တန်ချိန်
၅၂၅၀၀ တန်၊ Wilmar (Wilmar International Port Terminal) မှ ပြောင်းဖူးစေ့တန်ချိန်
၂၁၀၀၀၊ မုတ္တမဆိပ်ကမ်းမှ ပြောင်းစေ့တန်ချိန် ၂၇၀၀ နှင့် ရွှေမဲဆိပ်ကမ်းမှ ပြောင်းစေ့တန်ချိန်
၂၇၀၀ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment