နေပြည်တော် ဇွန် ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ ၅၀၀ ကေဗွီဘုရားကြီး ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ဓာတ်အားခွဲရုံတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်ရှိ
ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို
ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ်
ပြည်ထောင်စုဝန်ကြီးက စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများကို
အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ အဝင်၊
အထွက်လမ်းဖောက်လုပ်ခြင်းနှင့် ဓာတ်အားခွဲရုံပတ်လည် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ
ဆောင်ရွက်ရာတွင်လည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းနယ်နိမိတ်ဧရိယာနှင့်
ကင်းလွတ်မှုရှိအောင် ဆောင်ရွက်ရန်နှင့် ယခုအခါ ၅၀၀ ကေဗွီစနစ်ဖြင့် ဓာတ်အားပို့လွှတ်
နိုင်ရန်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများကို
တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ၂၃၀ ကေဗွီ ဗို့အားဖြင့် ဦးစွာ
ပို့လွှတ်နိုင်ရန်အတွက် စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ၅၀၀ ကေဗွီဘုရားကြီး ဓာတ်အားခွဲရုံနှင့်
၅၀၀ ကေဗွီ လှိုင်သာယာ (အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ၏
လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်နေသော ဝန်ကြီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများနှင့်
တွေ့ဆုံသည်။
တွေ့ဆုံစဉ်
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအတွေ့အကြုံသည် လုပ်ငန်းရှိမှသာ လေ့လာဆည်းပူး၍
ရသည့်အတွက် လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများတွင် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်တတ်မြောက်အောင်
လေ့လာသင်ယူသွားရန်နှင့် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများကို မျိုးဆက်သစ်အင်ဂျင်နီယာဝန်ထမ်းများက
လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့အတူ ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်း၊
စီမံကိန်း၊ ညလုပ်ငန်းခွင်စသည်ဖြင့် မည်သည့်နေရာတွင် နေထိုင်လုပ်ကိုင်ဆောင်ရွက်ရသည်ဖြစ်စေ
အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များနှင့်အညီ
လိုက်နာနေထိုင် လုပ်ကိုင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်အတွင်း Control Building တည်ဆောက်ခြင်း
လုပ်ငန်းဆောင်ရွက်နေမှု၊ ထရန်စဖော်မာများနှင့် Shunt Reactor တပ်ဆင်နေမှုနှင့် Hybrid Gas Insulated Switchgear(HGIS) တပ်ဆင်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယခု
ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီဘုရားကြီးဓာတ်အား ခွဲရုံစီမံကိန်းသည် ၇၅
ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း
စီမံကိန်းတစ်ခုလုံးရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment