နေပြည်တော် ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးကိုရည်ရွယ်၍ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၄) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကော်မတီအဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ခရီးသွားလုပ်ငန်းနှင့်
တိုက်ရိုက်ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား
လုပ်ငန်းများအပေါ် သက်ရောက်နေသည့် အခြေအနေနှင့် အချက်အလက်များကို သိရှိစေရန်နှင့်
ကုစားနိုင်ရေးအတွက် လိုအပ်သော စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်နေရာများ
သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားများကို ဆွဲဆောင်မှုရှိစေရေး၊ ကောင်းမွန်သော
ဝန်ဆောင်မှုများရရှိစေရေး စဉ်ဆက်မပြတ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊
မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်စေလိုကြောင်း၊
နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊
ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများမှ
ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်
ဦးဇေယျာလင်းက နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကို
ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက်
ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များနှင့်
ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များက နေပြည်တော်အတွင်း
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့်
ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဝင်
ဗိုလ်မှူးကြီး ရဲမိုးက ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment