နေပြည်တော် ဇွန် ၁၃
အမျိုးသားအဆင့်
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏
ခွင့်ပြုချက်ဖြင့် Earth
Renewable Energy Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Wuling
Bingo အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် BYD
Dolphin အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ N.P.K Motors Co.,
Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor T03
(Luxury) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Midmay
Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw
Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည်
ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment