နေပြည်တော် ဇွန် ၁၇
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၃၉၈၉၈ အိတ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လောင်စာတောင့်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အပါအဝင် စုစုပေါင်း ၂,၀၈၃ ဒသမ ၄၄ တန်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ် မေ ၁၆ ရက်မှစ၍ ယနေ့ အထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင်
ရေယာဉ် ၄၇ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊
လူသုံးကုန်နှင့် စားသောက်ကုန်များ ပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၆၉,၈၂၅
ဒသမ ၃၆ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန်ကို ပို့ဆောင်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment