Friday, June 14, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပမည်

နေပြည်တော် ဇွန် ၁၃

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ” ကို ဇွန် ၁၇ ရက်မှ ၂၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲသို့ အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အားကစားကို စိတ်ဝင်စားသည့် မည်သူမဆို(အခမဲ့) လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။                                                 

သတင်းစဉ် 

No comments:

Post a Comment