Wednesday, June 12, 2024

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇွန် ၁၁

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) နှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ ရုံး၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အတွင်းရှိ စက်မှုဇုန်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရောင်းဝယ်မှုနှင့် အခြားဟူ၍ လုပ်ငန်းအမျိုးအစား (၄) မျိုးအနက် ထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်သည့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေးလုပ်ငန်း စက်မှုလုပ်ငန်းများအတွက် သက်သာသောနှုန်းထားများဖြင့် စက်မှုဇုန်များတွင် မြေနေရာများ ငှားရမ်းပေးနိုင်ရေး အတွက် ဒေသဆိုင်ရာအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်း အေဂျင်စီများအနေဖြင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း။

စက်မှုဝန်ကြီးဌာနသည် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေ၊ ဘွိုင်လာဥပဒေ၊ လျှပ်စစ်ဥပဒေ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ဓာတုဗေဒနှင့် ဆက်စပ်သော ဥပဒေနှင့် စက်မှုဇုန်ဥပဒေများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဆိုင်ရာ အစိုးရအဖွဲ့နှင့် ကော်မတီများအနေဖြင့် စက်မှုလုပ်ငန်း၊ စက်မှုဇုန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ကိစ္စများနှင့်ပတ်သက်၍ ချိတ်ဆက်ဆောင်ရွက်သွားနိုင်ကြောင်း ပြော ကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်က စက်မှုဇုန်နှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြဋ္ဌာန်းထားသည့်ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စစ်ဆေးကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ စက်မှုဇုန်အသစ်များ ဖော်ဆောင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန်နည်းဥပဒေ များပြဋ္ဌာန်းခြင်း၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှု ဇုန်အသစ် တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ တည်ထောင်ပြီး စက်မှုဇုန်များရှိ စက်မှု လုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက ရှမ်း ပြည်နယ်အတွင်းရှိ စက်မှုလုပ်ငန်းများ တည်ထောင်လည်ပတ်နေမှု၊ စက်မှုဇုန်ဥပဒေနှင့် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည့်အခြေအနေတို့ကိုလည်းကောင်း၊ စက်မှု ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ အေးသာယာစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများနှင့် တက်ရောက်လာ သူများက စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ဆောင်ရွက် သင့်သည့်အချက်များကို အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) သို့ ရောက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် တာဘိုင်နှင့် ဂျင်နရေတာများ တပ်ဆင်အသုံး ပြုမည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်နှင့် ရရှိမည့်အကျိုးကျေးဇူးတို့ကို တွက်ချက်တင်ပြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment