ရန်ကုန် မေ ၂၀
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosco- smos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။
ရှင်းလင်းပွဲသို့
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General
Director for International Cooperation၊ H.E. Mr. Savelyev
Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ
အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich ၊ Samara
တက္ကသိုလ်မှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ်
ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊
ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ်
(သန်လျင်) တို့မှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသတက္ကသိုလ်မှ
တာဝန်ခံပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊
နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ
တက်ရောက်ကြသည်။
ရှင်းလင်းပွဲတွင်
ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြားပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Executive
Director for Manned Space Program အာကာသယာဉ်မှူး H.E. Mr.
Krikalev Sergey Konstant-inovich က အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံများကို
ရှင်းလင်းပြောကြားကာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ၏ မေးမြန်းမှုများကို
ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့ပြင်
Samara တက္ကသိုလ်
Chief Executive Officer, Dmitrity A. Baranov သည်
ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် Samara တက္ကသိုလ်အကြား အာကာသနည်းပညာနှင့်
သက်ဆိုင်သည့် Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment