နေပြည်တော် မေ ၂၀
ကဆုန်လပြည့်
(ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ
ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄
ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင်
သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊
ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ
ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament
Channel ၊ MWD-HD Channel၊ MWD-
Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS
Channel ၊ Channel LIGHT Channel၊ Sky
Net Buddha Channel နှင့် Channel -9 တို့မှ
တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်သည်။
သတင်းစဉ်
No comments:
Post a Comment