နေပြည်တော် မေ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ်
ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော
ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့်
အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌
ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၄ (မန္တလေး) နှင့် ၂/၂၀၂၄ (ပဲခူး)၊
တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂၃ (ရန်ကုန်)၊ ၄၆/၂၀၂၃ (မန္တလေး)၊ ၄၇/၂၀၂၃(မန္တလေး)၊
၄၈/၂၀၂၃ (မန္တလေး) ၊ ၄၉/၂၀၂၃(ရှမ်း)၊ ၇/၂၀၂၄(ရန်ကုန်)နှင့် ၁၀/၂၀၂၄(ဧရာဝတီ)၊
စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု(၂)မှုနှင့် တရားမအထူးအယူခံမှု(၇)မှုတို့ကို
စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၄ (မကွေး)၊
၁၁/၂၀၂၄(မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄(မန္တလေး) နှင့် ၁၇/၂၀၂၄ (မန္တလေး)၊
စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment