Monday, May 27, 2024

(၁၀၇) ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ်သင်တန်း ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၂၇

(၁၀၇) ကြိမ်မြောက် ဘက်စုံသားဖွားဒီပလိုမာ () နှစ်သင်တန်း ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတက်ရောက် ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရောကလေးပါ ကျန်းမာစွာမွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း () ခုရှိပြီး သူနာပြုနှင့်သားဖွား ဆရာ/ဆရာမများကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ဆရာမများမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာ အဓိဌာန်များအား အလေးထားလိုက်နာပြီး ဘက်စုံထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမ ကောင်းများဖြစ်စေရန် ကြိုးစားနေထိုင်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစ ကလေး ကျန်းမာရေးမြှင့် တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင် ဝါသနာကို အရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ () နှစ်သင်တန်း ပထမနှစ် နှစ်ဆုံးစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ဂုဏ်ပြုဆုနှင့် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၀) သိန်းကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ () နှစ်သင်တန်း ပထမနှစ်ဝက် စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။

ယင်းနောက် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးချယ်ရီအောင်တို့က သင်တန်းသူလေးများအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။ 

၎င်းနောက် ကမ္ဘာ့သူနာပြုမိခင်ကြီး မီးအိမ်ရှင် ဖလော်ရင့်()နိုက်တင်ဂေးအား ဂုဏ်ပြုသော အားဖြင့် သင်တန်းသူများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြကာ သူနာပြုအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသူများက ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဆရာမများ၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ပဲခူးမြို့ သားဖွားသင်တန်းကျောင်းအနေဖြင့် (၁၈) သင်တန်းလက်မှတ်ရ သားဖွားဆရာမ (၁၁၂၇) ဦးနှင့် ဘက်စုံသားဖွားဒီပလိုမာ () နှစ် သင်တန်းလက်မှတ်ရ သားဖွားဆရာမ (၂၄၉) ဦး၊ စုစုပေါင်း (၁၃၇၆) ဦး အောင်မြင်စွာ မွေးထုတ်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)

No comments:

Post a Comment