Monday, May 27, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆရာတော်အရှင်သူမြတ်များအား ဖူးမြှော်ကြည်ညို၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်​ရောက်

မော်လမြိုင် မေ ၂၇

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ တံဆိပ်တော်၊ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များအား  ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တိပိဋက ကမ္ဘောဇကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ​ကျော်လင်း​မောင်၊ ပြည်နယ် ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဧည့်ပရိသတ်များက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ တံဆိပ်တော်၊ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်သူမြတ်များအား  ဖူးမြှော်ကြည်ညိုခဲ့ကြသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ပြည်နယ်ဝန်ကြီးချုပ်က တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ တံဆိပ်တော်၊ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ ဆရာ​တော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

တပ်မ​တော်ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ တပ်မ​တော် ကာကွယ်ရေးဦးစီးချုပ် (လေ)၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တို့မှ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော မော်လမြိုင်သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းနှင့် အခြေခံလေကြောင်း လူငယ်သင်တန်းများအား ဖွင့်လှစ်ပို့ချ​ခဲ့ပြီး အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ယ​နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်)ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မော်လမြိုင် သင်တန်းစခန်း ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်းနှင့် အခြေခံ လေကြောင်း လူငယ်သင်တန်းများကို  ဖွင့်လှစ်ပို့ချ​ပေးခဲ့​ကြောင်း၊ မိမိတို့မွန်ပြည်နယ်ကိုယ်စားပြုအခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) မော်လမြိုင်သင်တန်းစခန်းကို တက်ရောက်ခဲ့ကြပြီး သင်တန်းစခန်းက သင်ကြားလေ့ကျင့်ပေးတဲ့ အခြေခံလေကြောင်း လူငယ်ဆိုင်ရာ ပညာရပ်များကို ကြိုးကြိုးစားစားလေ့လာ သင်ယူခဲ့ကြပြီး ထူးချွန်စွာနဲ့ အကောင်းဆုံးသင်တန်းစခန်းဆုကို အရယူနိုင်ခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုရခြင်း ဖြစ်​ကြောင်း၊ မောင်တို့/မယ်တို့အနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အားထားရတဲ့ ပညာရှင်များဖြစ်အောင် ယခုတက်ရောက်ခဲ့သော လေကြောင်း လူငယ်သင်တန်းများမှ အခြေခံ၍ ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှု အလေ့အကျင့်ကောင်းများရယူပြီး ဆက်လက်ကြိုးစား သွားကြရမှာဖြစ်သလို နောင်တစ်ချိန် နိုင်ငံတော်ရဲ့ ပုခုံးပြောင်းတာဝန်များကို လွှဲပြောင်းပေးအပ်ရာမှာလည်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြ​စေ​ရေး တိုက်တွန်းလိုပါ​ကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းစခန်းအသီးသီးမှ ပထမဆုရရှိသော မော်လမြိုင်သင်တန်းစခန်း မွန်ပြည်နယ် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုငွေများ လည်း​ကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ သင်တန်းနည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုဆုငွေများအားလည်း​ကောင်း ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မွန်ပြည်နယ် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသူ၊ သင်တန်းသားများနှင့်အတူ ​လန်းဆန်းစာအား မိသားစုသဖွယ် ချစ်ခင်ရင်းနှီးစွာ အတူတကွသုံး​ဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)


No comments:

Post a Comment