ချမ်းအေးသာစံ မေ ၄
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် ဗထူးဖိတ်ခေါ် အမျိုးသား(အလွတ်တန်း) ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင် မေလ(၃)ရက်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္က္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနား၌
တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အားကစားသမားများက
အားကစားသစ္စာအဓိဋ္ဌာန်များရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ပြိုင်ပွဲဝင်အားကစားအသင်းအလိုက်
လိုက်လံနှုတ်ဆက်၍ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး အသင်းအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို
ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်

No comments:
Post a Comment