နေပြည်တော် မတ် ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင်
လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးအတိုင်း ကျောက်မဲဘက်မှ နောင်ချိုဘက်သို့ မင်းမင်းကို
မောင်းနှင်လာသော HYUNDAI GRAND STAREX မော်တော်ယာဉ်ကို သတင်းအရ စစ်ဆေးရှာဖွေရာ
ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၇၆၉၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ ဒသမ
၉ သိန်းနှင့် စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈ ကီလိုတို့အား သိမ်းဆည်းရမိခဲ့ပြီး
စစ်ဆေးပေါ်ပေါက်ချက်အရ မွန်းလွဲ ၁ နာရီအချိန် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ
ကျော်သူအောင်အား နောင်ချိုမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးတွင် NISSAN AD VAN မော်တော်ယာဉ်နှင့်အတူ
ဆက်လက်ဖမ်းဆီးရမိခဲ့၍ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ
မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား
ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
No comments:
Post a Comment