Saturday, March 2, 2024

တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ



နေပြည်တော် မတ် ၁

တရားရေးအရာရှိကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၁၁ ဦး တက်ရောက်ကြသည်။

အဆိုပါသင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ရက် အထိ ရက်သတ္တပတ်ရှစ်ပတ်ကြာမြင့်ကြောင်းနှင့် သင်တန်းသို့ ခရိုင်တရားသူကြီး၊ တွဲဖက်ခရိုင်တရားသူကြီးနှင့် ဒုတိယညွှန်ကြားရေးမှူးအဆင့်ရှိ တရားသူကြီးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment