Friday, March 1, 2024

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နေပြည်တော်(တပ်ကုန်း)မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် ဖေဖော်ဝါရီ ၂၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်(တပ်ကုန်းမြို့)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ MRTV ၏ ရုပ်သံလိုင်း(Channel) များအလိုက် သတင်းဖတ်ကြားရန် ရွေးချယ်လေ့ကျင့်နေသည့် ဝန်ထမ်းသစ်များအား Screen Test ဆောင်ရွက်မှုနှင့် MRTV ၏ ဘဏ္ဍာရေးနှစ်အလိုက် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်နေသောလုပ်ငန်းကြီးများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကြံပြုဆွေးနွေးမှာကြား

ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ Conference Room တွင် MRTV ၏ ရုပ်သံလိုင်း Channel များအလိုက် သတင်းဖတ်ကြားရန် ရွေးချယ်လေ့ကျင့်နေသည့် ဝန်ထမ်းသစ်ခုနစ်ဦးနှင့် အင်္ဂလိပ်ဘာသာဖြင့် သတင်းဖတ်ကြားရန် ရွေးချယ်လေ့ကျင့်နေသည့် ဝန်ထမ်းသစ်ခုနစ်ဦးတို့အား Screen Test စစ်ဆေး ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးအားပေးပြီး တစ်ဦးချင်းအလိုက် လိုအပ်ချက်များအပေါ် အကြံပြုဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကို ချပြရှင်းလင်းပြီး နိုင်ငံတော်မီဒီယာက မီဒီယာနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရမည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်သူများ အသိပညာမြှင့်တင်ရေးနှင့် စိတ်ဓာတ်စည်းကမ်းကောင်းမွန်စေရေး၊ ပြည်သူများ ပျော်ရွှင်အပန်းပြေစေရေးနှင့် လုံခြုံရေးဆိုင်ရာများကို အသေးစိတ်မှာကြားသည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်နေသော လုပ်ငန်းကြီး​လေးခုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းကြီးတစ်ခုတို့၏ ဆောင်ရွက်မှုအခြေအနေများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်းစိစစ်ပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် News Studio(1)တွင် SD စနစ်မှ HD စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ငွေကျပ်သန်း ၁၅၇၀ ဖြင့် တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေသော TMW Enterprise ကုမ္ပဏီ၏ ရိုက်ကူးရေးစနစ်၊ မီးနှင့်အသံစနစ်၊ ထုတ်လုပ်ပေးပို့မှုစနစ်များ ဆောင်ရွက်ပြီးစီးမှုနှင့် လက်တွေ့ရိုက်ကူးရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

စနစ်တကျဆောင်ရွက်

ဆက်လက်၍ ရုပ်သံလိုင်း Channel သုံးခုထုတ်လွှင့်နေသော Presentation Work Station ၃ နှင့် ၄ တို့တွင် SD စနစ်မှ HD စနစ်သို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား ငွေကျပ်သန်း ၃၃၈၀ ဖြင့် တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေသော Elevate Broadcast Myanmar ကုမ္ပဏီ၏လုပ်ငန်းများ ဆောင်ရွက်မှုအား ကြည့်ရှုစစ်ဆေး၍ ယခုဘဏ္ဍာရေးနှစ်ကာလအပြီး စနစ်တကျဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

လိုအပ်သည်များဆွေးနွေးမှာကြား

ထို့နောက် Auditorium ခန်းမတွင် ရိုက်ကူးရေးသုံး LED Wall အား ငွေကျပ် ၅၄၉ သန်းဖြင့် တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေသော TMW Enterprise ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့်လက်တွေ့အသုံးပြုနေမှုအားလည်းကောင်း၊ MRTV ပင်မအဆောက်အဦအတွက် လေအေးပေးစနစ် အဆင့်မြှင့်တင်တပ်ဆင်ခြင်း ဒုတိယအဆင့်လုပ်ငန်းအား ငွေကျပ်သန်း ၁၂၄၀ ဖြင့် တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်နေသော Constructive Engineers ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် စမ်းသပ်လည်ပတ်မှုအားလည်းကောင်း စစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်း​နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်မည့် Convergence News Room System ၏ လက်ရှိ လုပ်ငန်းစွမ်းဆောင်ရည်အား ကြည့်ရှုစစ်ဆေးပြီး အဆင့်မြှင့်တင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား စနစ်တကျစီစဉ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment