Thursday, February 29, 2024

ဘားအံမြို့နယ် သမဝါယမအသင်းစု (လီမိတက်) ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

 ဘားအံ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ်သမဝါယမအသင်းစု (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက်က ပြည်နယ်သမဝါယမဦးစီးဌာန၌ ကျင်းပရာ ပြည်နယ်သမဝါယမဦးစီးဌာန ဦးစီးမှူး၊ တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့များ၊ အသင်းဝင်ကိုယ်စားလှယ် ၅၀ တက်ရောက်သည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အသင်း၏ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဦးစီးမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားပြီး အတည်ပြုချက်ရယူကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment