ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြု လက်မှတ်များအား ၅ နှစ်သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါက နည်းဥပဒေ ၂၁ အရ သက်တမ်းကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေကျပ် တစ်သောင်းပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်ပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အသေးစိတ်အချက်အလက်များသိရှိလိုပါက ဖုန်း ၀၁-၅၄၁၄၁၃၊ ၀၁-၅၄၄၅၈၂၊ ၀၁-၅၄၄၅၈၃၊ iprd.crd.ygn@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
No comments:
Post a Comment