Thursday, February 29, 2024

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် စက်ချို့ယွင်းကာ မတော်တဆမှုဖြစ်ပွား

 

နေပြည်တော် ဖေဖော်ဝါရီ ၂၉

တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် မကွေးမြို့ပတ်ဝန်းကျင်တစ်ဝိုက် လေ့ကျင့်ပျံသန်းရေးဆောင်ရွက်စဉ် ပွင့်ဖြူမြို့ အနောက်မြောက်ဘက် ရေဘုတ်ကြီးရွာအနီးသို့အရောက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် ရုတ်တရက် စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် လေယာဉ်မှူးအနေဖြင့် အရေးပေါ်ခုန်ထွက်နိုင်ခဲ့မှုကြောင့် ဘေးကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး စက်ချို့ယွင်းမှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment