Wednesday, February 28, 2024

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ကြသောအရာထမ်း၊ အမှုထမ်းမိသားစုများနှင့် အပျိုဆောင်၊ လူပျိုဆောင်တို့တွင် နေထိုင်ကြသောဝန်ထမ်းများအနေဖြင့် အိမ်ရာနှင့် အဆောင်လုံခြုံရေးအသိဖြင့် ဧည့်သည်များ၊ မသက်ဆိုင်သူများလက်ခံထားရှိခြင်း မပြုရန်နှင့်မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ လာရောက် တည်းခိုနေထိုင်ပါက ခွင့်ပြုချက်ရရှိမှသာ တည်းခိုရန်နှင့် ဧည့်စာရင်းတိုင်ကြားရန်၊ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျစွန့်ပစ်ရန်၊ ဝန်ထမ်းအိမ်ရာများနှင့် အဆောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်အောင်ပြုလုပ်ရန်၊ လျှပ်စစ်မီးများကို ဂရုစိုက်သုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး စနစ်တကျစီမံဆောင်ရွက်ရန်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရန်နှင့်လုံခြုံရေးအထူး သတိပြုရန်တို့ကိုမှာကြားပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ထမ်းမိသားစုများ စိုက်ပျိုးထားသော သီးပင်စားပင်စိုက်ခင်းများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment