Thursday, January 4, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ၁ ဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 


 နေပြည်တော် ဇန်နဝါရီလ ၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်နေ့တွင် တောပုရွာဘုန်းကြီးကျောင်းတွင် အထိုင်ချပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းနှင့် ကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ DVB မှ မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၂ ရက်နေ့တွင် မတ္တရာမြို့နယ်၊ တောင်ပုရွာသို့ လုံခြုံရေးတပ်ဖွဲ့များ သွားရောက်ခဲ့ခြင်းမရှိသလို ကျေးရွာများ၊ ဒေသခံပြည်သူများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုမရှိကြောင်းသိရှိရပြီး တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများမှ ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment