Thursday, January 4, 2024

ကျိုက်မရော ဒေသခံလူငယ်နှစ်ဦးကို စစ်ကြောင်းမှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းဟု မဟုတ်မမှန်သတင်းများကို ထုတ်လွှင့်လျက်ရှိ

 


 နေပြည်တော် ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာ ဒေသခံလူငယ်နှစ်ဦးက ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကလေးကျေးရွာထဲ ဝင်ရောက်လာသည့် တပ်ယာဉ်တန်းအား ဆိုင်ကယ်ဖြင့် ကျော်တက်ခဲ့သည့်အတွက် ကျိုက်မရောရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သတင်းမှန်ကန်မှုမရှိကြောင်းနှင့် ထိုနေ့တွင် တပ်ယာဉ်တန်းမှ စခန်းသို့ဖမ်းဆီးအပ်နှံသည့်တရားခံ မရှိကြောင်း သိရှိရပါသည်။

ပြည်ဖျက်မီဒီယာများသည် ဖြစ်စဉ်ဖြစ်ရပ်မရှိသော သတင်းများကို လုပ်ကြံဖန်တီးရေးသားကာ ဒေသခံပြည်သူများ တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာအောင် ဝါဒဖြန့်လှုံ့ဆော်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment