Tuesday, January 2, 2024

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်ပြီးစီး

 


ရန်ကုန် ဇန်နဝါရီ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်း ဒီဇင်ဘာ ၄ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့(ဇန်နဝါရီ ၁)ရက်တွင် ထန်းတပင် မြို့နယ် ရပ်၊ ကျေး ၂၉ ခုမှ ပြည်သူ ၄၆၂ ဦး၊ သင်္ဃန်းကျွန်းမြို့နယ်ရပ်ကွက် ၁၈ ခုမှ ပြည်သူ ၄၅၆ ဦး၊ လှိုင်မြို့နယ် ရပ်ကွက်ရှစ်ခုမှ ပြည်သူ ၄၃၅ ဦး၊ ဗဟန်းမြို့နယ်ရပ်ကွက် ၁၁ ခုမှ ပြည်သူ ၄၆၆ ဦး စုစုပေါင်းပြည်သူ ၁၈၁၉ ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြသည်။

သို့ဖြစ်၍ ဒီဇင်ဘာ ၄ ရက်မှ ဇန်နဝါရီ ၁ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မြို့နယ် ၄၅ ခု အနက် ကိုကိုးကျွန်းမြို့နယ်မှအပကျန် ၄၄ မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment