Tuesday, January 2, 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်

 


နေပြည်တော် ဇန်နဝါရီ ၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ဝန်ထမ်းသစ်များအနေဖြင့် ကော်မရှင်သို့ ရောက်ရှိချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းဖြစ်လာပြီဟု ခံယူလျက် မိမိ၏ဂုဏ်သိက္ခာ၊ ကော်မရှင်၏ ဂုဏ်သိက္ခာအပေါ် အလေးထား၍ ကောင်းမွန်သောခံယူချက်ဖြင့် အများပြည်သူအကျိုးကို ထမ်းဆောင်နေသည့် ဝန်ထမ်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြစေလိုကြောင်း၊ ပေးအပ်သည့်တာဝန်များကို အကောင်းဆုံးထမ်းဆောင်နိုင်ရန်လိုကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီက မိမိဌာန၊ နိုင်ငံအပေါ်သစ္စာရှိရန်နှင့် ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်ကို စွဲမြဲစွာလိုက်နာရန်လိုကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်စာရိတ္တပျက်ယွင်းခြင်းဖြစ်ပြီး ယင်းကို ပြုပြင်ပေးရန်တာဝန်မှာ ကော်မရှင်တာဝန်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်တည်လာစေရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အဂတိပယ်ခွာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

အခြေခံလေ့ကျင့်ရေးသင်တန်းကို ဇန်နဝါရီ ၁ ရက်မှ ၃၀ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကာလအတွင်း ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၊ ကော်မရှင်ကျင့်ဝတ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးရေး ဆောင်ရွက်ချက်များ၊ ရုံးလုပ်ငန်းများနှင့်ပတ်သက်သည့် ဘာသာရပ်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment