Wednesday, January 3, 2024

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီးဆောင် ထောင်ဦးစီးမှူးက သေနတ်ဖြင့်ချိန်ရွယ် ခြိမ်းခြောက်ခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 



နေပြည်တော် ဇန်နဝါရီလ ၃

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသမီး အဆောင် ထောင်ဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ “ အကျဉ်းထောင်ဝန်ထမ်းများသည် သာမန်အုပ်ချုပ်ချိန်များတွင် လက်နက်ကိုင်ဆောင်ခွင့်၊ အကျဉ်းထောင်အတွင်း အရပ်ဝတ်ဝတ်ခွင့်မရှိကြောင်း၊ ဝန်ထမ်းများ ဥပဒေချိုးဖောက်မှုရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ အကျဉ်းထောင်စည်းကမ်းများကို လိုက်နာနေထိုင်ရန် ပြောဆိုကြပ်မတ်ရသည့် တာဝန်ထမ်းဆောင်မှုများ ရှိသော်လည်း သေနတ်ဖြင့် ချိန်ရွယ်ခြိမ်းခြောက်မှုများ မရှိခဲ့ကြောင်းနှင့် ပြည်ဖျက်မီဒီယာများသည် သတင်းတု၊ သတင်းမှားများကို လုပ်ကြံဖန်တီး ရေးသားခြင်းသာဖြစ်ကြောင်း” သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

သို့ဖြစ်ပါ၍ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတော်အစိုးရ၏ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများကို ထိခိုက်စေရန်နှင့် ပြည်သူများမှ အကျဉ်းဦးစီးဌာနနှင့် အကျဉ်းထောင်ဝန်ထမ်းများအပေါ် အထင်အမြင်လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့် ထိုးနှက်ရေးသားခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment