Monday, January 1, 2024

မချမ်းဘော့မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးများ စနစ်တကျမွေးမြူထား

 မချမ်းဘော့ ဒီဇင်ဘာ ၃၁

ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေရယူ၍ ကျေးဇူးတော်ငါးမွေးမြူရေး လုပ်ငန်းသမဝါယမအသင်းက အသင်းသား ၁၈ ဦးသည် ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ အသင်းမှ မိုးကာကန် ၈ ကန်၊ မြေသားကန် ၁၃ ကန် စုစုပေါင်း ၂၁ ကန်တွင် ငါးခူကောင်ရေ ၁၂၉၈၅၊ ရွှေဝါငါးကြင်းကောင်ရေ ၅၀၀၀၊ တီလားဗီးယားကောင်ရေ ၁၇၀၀၊ ထိုင်းငါးခုံးမ ကောင်ရေ ၁၁၀၀၀၊ ငါးကြင်းဖြူကောင်ရေ ၂၇၃၁၅၊ ဒေသငါးကောင်ရေ ၃၅၀၀ စုစုပေါင်း ငါးမျိုးစုံကောင်ရေ ၆၁၅၀၀ ကို တစ်ရက်လျှင် သုံးကြိမ်အစာများကျွေးမွေးကာ စနစ်တကျမွေးမြူထားရှိသည်။

ထို့ပြင် ငါးမွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူအောင်မြင်စေရန်အတွက် သမဝါယမဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်သူများအား နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment