Tuesday, January 2, 2024

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ



နေပြည်တော် ဇန်နဝါရီလ ၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြားကြီးကျေးရွာမှ ထွက်လာသော စစ်ကား ၂ စီးကို ကုန်းလည်ရွာနှင့် နတ်ကြီးရွာအကြားတွင် ဇန်နဝါရီ ၁ ရက်နေ့က မိုင်းအလုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ဇန်နဝါရီ ၁ ရက်နေ့က ငါးဇွန်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရမှုမရှိကြောင်း၊ ငါးဇွန်မြို့နယ်တွင်း တည်ငြိမ်အေးချမ်း ရေးနှင့် နယ်မြေလုံခြုံရေးများကို ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်း၊ ခြိမ်းခြောက်တောင်းယူခြင်းများနှင့် လုယက်ဓားပြတိုက်ခြင်းများကိုပါ လုပ်ဆောင်နေသည့်အပြင် Online မှတစ်ဆင့် အလှူခံရန်အတွက် တိုက်ပွဲများဖော်ဆောင်နေကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment