Monday, January 1, 2024

တက္ကသိုလ်ပါမောက္ခချုပ်များ၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုတောင်းစကားများ


ဒေါက်တာတင်မောင်ထွန်း (ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်)

နှစ်သစ်ချိန်ခါဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာသူကမ္ဘာသားအပေါင်းနဲ့ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ မင်္ဂလာဆုတောင်းပို့သပါတယ်။

 

 

 

 


ဒေါက်တာတင်တင်ထွေး (ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်)

နှစ်ဟောင်းကုန်လို့ နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပြီး ပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။ ကျောင်းသား ကျောင်းသူများအတွက် ပညာရေးမှာပညာရဖို့ဟာ အဓိကဖြစ်တဲ့အတွက် တက္ကသိုလ်များမှာ ပညာရပ်များ သင်ယူဆည်းပူးပြီးတဲ့အခါမှာ ပညာဉာဏ်စွမ်းအားနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောအောင် ဆောင်ရွက်နိုင်တဲ့ ကျောင်းသူ ကျောင်းသားများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒေါက်တာကေသွယ်လှိုင် (ရန်ကုန် ပညာရေးတက္ကသိုလ်ပါမောက္ခချုပ်)

၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးအချိန်အခါကစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကပ်ဘေး အပေါင်းမှကင်းစင်ပါစေ။ ရန်သူမျိုးငါးပါးမှလည်း ကင်းစင်ပါစေ။ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး လိုရာဆန္ဒများလည်း ပြည့်ဝပါစေ။ ကျောင်းသူ၊ ကျောင်းသားအားလုံးလည်း မိမိတို့တတ်မြောက်သင့်တဲ့ ပညာရပ်အားလုံး သင်ကြားနိုင်သူများ ဖြစ်ကြပါစေ။ မိမိနိုင်ငံကို အလုပ်အကျွေးပြုနိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်အောင် ပညာကိုအန္တရာယ်ကင်းစွာ ဆက်လက်သင်ကြားနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

ဒေါက်တာကြည်ရွှင် (ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်ပါမောက္ခချုပ်)

၂၀၂၄ ခုနှစ်၊ နှစ်သစ်မင်္ဂလာအချိန်အခါမှာ အထူးသဖြင့် ကျွန်တော်တို့ရဲ့တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ ပညာသင်ကြားနေကြတဲ့ ကျောင်းသား ကျောင်းသူများအားလုံး မိမိဘဝရည်မှန်းချက်ကို ခိုင်မာပေါက်မြောက်အောင် ဆောင်ရွက်နိုင်စွမ်းရှိကြပါစေ။ ကမ္ဘာကြီးလည်း ငြိမ်းချမ်းရေးပိုမိုလိုနေပြီး ဖွံ့ဖြိုးတိုးတက်ဖို့လိုနေတဲ့အတွက် အမြန်ဆုံးရရှိနိုင်ကြပါစေ။ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

ဒေါက်တာနေဝင်းဦး ( ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်)

အခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အေးချမ်းသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ကျွန်တော်တို့ရဲ့ကျောင်းသား ကျောင်းသူများလည်း နှစ်သစ်ဆိုရင် ကျောင်းများစတင်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မိမိတို့သင်ကြားလိုသော ဘာသာရပ်၊ ပညာရပ်အစုံအလင်နဲ့ တက္ကသိုလ်က သင်ကြားပို့ချပေးနေတဲ့ ဘာသာရပ်များအပြင် လူမှုဆက်ဆံရေး၊ အားကစားစသဖြင့် အားလုံး အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်သူတွေဖြစ်ကြပါစေ။ နိုင်ငံအကျိုးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့ မေတ္တာပို့သပါတယ်။

ဒေါက်တာမြင့်သိန်း (ရန်ကုန်နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်)

၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မင်္ဂလာအချိန် အခါကစပြီး ပြည်သူပြည်သားအားလုံး ငြိမ်းချမ်းပျော်ရွှင်စွာဖြင့် ကောင်းကျိုး လိုရာဆန္ဒများ ပြည့်ဝကြပါစေ။ ကျောင်းသား ကျောင်းသူများလည်း မိမိတို့မျှော်မှန်းထားတဲ့ ပညာရေးပန်းတိုင်ကို လွယ်ကူလျင်မြင်စွာရရှိနိုင်ပြီး ဘဝမှာအောင်မြင်တဲ့ သားကောင်းရတနာ၊ သမီး ကောင်းရတနာများ ဖြစ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်

No comments:

Post a Comment