Monday, January 1, 2024

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နောင်မွန်းမြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


နေပြည်တော် ဒီဇင်ဘာ ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက်တွင် ကချင်ပြည်နယ် နောင်မွန်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ ရုံးခန်း၊ ပြင်ပလူနာဌာနနှင့် အထူးကြပ်မတ်ဆောင်တို့ ပါဝင်သည့် အာရ်စီနှစ်ထပ်တိုးချဲ့ဆောင်အသစ် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်နေသည့် လူနာများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနာတာရှည်ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသည့်လူနာအား ဆေးရုံကြီးများသို့ ပို့ဆောင်၍ ဆေးစစ်ကုသနိုင်ရေး စီစဉ်ပေးသွားရန် မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နမ့်ပန်ဒမ်းကျေးရွာရှိ ကဆန်ထီကြိုးတံတား အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ရန် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် အခြေခံပညာ အထက်တန်းကျောင်း (နောင်မွန်း) သို့ရောက်ရှိပြီး မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းအတွက် ဆိုလာ၊ လက်ပ်တော့ကွန်ပျူတာနှင့် ပရင်တာများ ထောက်ပံ့လှူဒါန်းကာ မြို့ရေပေးဝေရေးလုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုမြို့ရှိ သမိုင်းဝင်ကောင်းမှုလုံစေတီတော်အား သွားရောက်ဖူးမြော်ပြီး စေတီတော်ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ဆောင်ရွက်ရန် လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးကာ နယ်စပ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည့် ကောင်းမှုလုံစေတီ၊ ရွှေစည်းခုံပုံတူစေတီနှင့် ရွှေတိဂုံပုံတူစေတီ ဘုရားသုံးဆူပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပူတာအိုလွင်ပြင်ပတ်လမ်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ သည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ပူတာအိုလွင်ပြင် ပတ်လမ်းသည် ၂၅ မိုင်အရှည်ရှိပြီး ကျေးရွာ ၂၈ ရွာနှင့် လယ်ယာစိုက်ခင်းများကို ဆက်စပ်ပေးသောလမ်းဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့က သုံးနှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းဖြစ်ပြီး ယခုဘဏ္ဍာ နှစ်အကုန်တွင် ပြီးစီးမည်ဖြစ်သဖြင့် ဒေသထွက်ကုန်များ လွယ်ကူစွာ ပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဖန်ခိုင် (ပရဟိတ) ဘုန်းတော်ကြီး ပညာသင်ကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေ‌ရေးနှင့် အဆိုပါဘုန်းတော်ကြီးကျောင်း၌ တက်ရောက်ပညာသင်ကြားနေ ကြသော ကျောင်းသား ကျောင်းသူများ စားသောက်မှုအဆင်ပြေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့်စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့လှူဒါန်းသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၃၀ ရက်တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်စွာ အထောက်အကူဖြစ်စေမည့် ပူတာအိုမြို့အထက် ဆန်ခေါင်- လုံနဒမ်း- ဇီယာဒမ်းလမ်း (ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း) အရှည် ၂၄ မိုင် ၇ ဖာလုံအား လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အရှည်ပေ ၂၄၀ မူလာချောင်းကူးတံတား တည်ဆောက်နေမှု လုပ်ငန်းခွင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပူတာအိုမြို့ ပန်းလှိုင်ရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး၌ ဂန္ဓကုဋိကျောင်းဆောင် တော် တည်ဆောက်ရန်လိုအပ်မည့် အခြေအနေကို သွားရောက်ကြည့်ရှု၍ ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပူတာအိုဒေသ ဝမ်းစာဖူလုံရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကောင်ကထောင်ရပ်ကွက်၊ မတ်ပန်စံပြစိုက်ခင်း ဧက ၂၀ စီမံကိန်းသို့ရောက်ရှိပြီး ရာသီမရွေး သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆိုလာစနစ်ဖြင့် ရေရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဒေသခံတောင်သူများက ရာသီသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ထွန်ယက်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment