Monday, January 1, 2024

သတိပေးနှိုးဆော်ချက်


(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် (ဝတ်စုံပြည့်)အစမ်းလေ့ကျင့်မည့် ၂.၁.၂၀၂၄ ရက်နေ့နှင့် အခမ်းအနားကျင်းပပြုလုပ်မည့် ၄.၁.၂၀၂၄ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်အထိ ယာဉ်သွားလာမှုများအား နံနက် (၀၂၀၀) အချိန်မှ (၀၈၀၀) အချိန်အထိ ခေတ္တလမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ယာဉ်အသုံးပြုသွားလာသူများအနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့လည်းကောင်း၊ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေး နှိုးဆော်အပ်ပါသည်။

နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ

No comments:

Post a Comment