Tuesday, December 12, 2023

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်းဆုတံဆိပ်ရှစ်ခု ဆွတ်ခူးရရှိ

 

နေပြည်တော် ဒီဇင်ဘာ ၁၁

မလေးရှားနိုင်ငံ ပီနန်မြို့၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပခဲ့သည့် PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28) kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်တစ်ခု၊ (-66)kgပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်တစ်ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်တစ်ခု၊ အမျိုးသား (-24) kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်တစ်ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်တစ်ခု၊ အမျိုးသား (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေးတံဆိပ်တစ်ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမားကိုးဦး ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်လေးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်နှစ်ခု စုစုပေါင်း ဆုတံဆိပ်ရှစ်ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment