နေပြည်တော် ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းသို့ ယနေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ရောက်ရှိလာပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရောက်ရှိပြီး မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ နံနက် ၈ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အိုးမဲ့အိမ်မဲ့ဖြစ်အောင် နေအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူများမှ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment