နေပြည်တော် ဒီဇင်ဘာ ၇
အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တက်ရောက်ကြသည်။
အဆိုပါ
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်
ဦးဇော်ဇော်စိုးနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံအရာရှိတို့လည်း အထောက်အကူ ပြုအဖွဲ့အဖြစ်
တက်ရောက်ကြသည်။
တက်ရောက်
အစည်းအဝေးတွင်
အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏
ဦးစားပေး လုပ်ငန်းစဉ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr. Dian Triansyah Djani ၊ အာဆီယံအသိုက်အဝန်း
မျှော်မှန်းချက် စာတမ်းရေးဆွဲ ရေးဆိုင်ရာ အမြဲတမ်းဦးဆောင် အဖွဲ့ဝင် မလေးရှားနိုင်ငံ၏
ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က
ပူးတွဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူတီမောလက်စ်တေနိုင်ငံတို့၏
ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ် H.E. Dr. Kao Kim
Hourn ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ
တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေး
အစည်းအဝေး၌
၂၀၄၅ အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက်၏ မဟာဗျူဟာ အစီအစဉ် များကို မဏ္ဍိုင်အလိုက်ရေးဆွဲနိုင်ရေး၊
သက်ဆိုင်သည့် အာဆီယံအဖွဲ့အစည်းများနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းရေး၊
ဆောင်ရွက်ရမည့် အချိန်ဇယားနှင့် လုပ်ငန်းစဉ်၊ ယင်းလုပ်ငန်းစဉ်တွင် ထည့်သွင်းရေးဆွဲရမည့်
အကြောင်းအရာတို့နှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေးအတွက်
HLTF-ACV မှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့
(HLTF-EI) ဥက္ကဋ္ဌ၊ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ
အစည်းအဝေး (SOCA) ဥက္ကဋ္ဌ၊ အာဆီယံပေါင်းစပ်ဆက်သွယ်မှု ညှိနှိုင်းရေးကော်မတီ (ACCC)
ဥက္ကဋ္ဌတို့ နှင့် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပြောကြား
ဒုတိယဝန်ကြီးက
၂၀၄၅ အာဆီယံ အသိုက်အဝန်းမျှော်မှန်း ချက်၏ မဟာဗျူဟာ အစီအစဉ် များရေးဆွဲရာ၌ အာဆီယံအဖွဲ့ဝင်
နိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟ ချက် ရှိနေခြင်းကြောင့် အဆိုပါ ကွာဟချက် ကျဉ်းမြောင်းလာစေ
ရေးကို ဦးစားပေးကဏ္ဍ တစ်ခု အဖြစ် ဆက်လက်ထားရှိနိုင်ရေး၊ ယင်းနှင့်သက်ဆိုင်သည့် စီမံချက်လုပ်ငန်းစဉ်များကို
မဟာဗျူဟာ အစီအစဉ်များ၌ ထည့်သွင်းရေးဆွဲရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအကြား
စီးပွားရေး သာမက အသိဉာဏ်ပညာ၊ အဖွဲ့အစည်းဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု
ကွာဟချက်များရှိနေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဆောင်ရွက်သွားနိုင်ရေး၊
နိုင်ငံတွင်း သက်ဆိုင်ရာမဏ္ဍိုင်၏ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်း
ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ
မဟာဗျူဟာလုပ်ငန်းစဉ်၌ အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ညှိနှိုင်းရေးဆွဲ
“တက်ကြွ၍
ကြံ့ခိုင်မှုရှိပြီး တီထွင်ဆန်းသစ်နိုင်သော ပြည်သူ့ ဗဟိုပြု အာဆီယံ” ဆောင်ပုဒ်ဖြင့်
ရေးဆွဲထားသည့် ၂၀၄၅ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်ကို အဆင့်မြင့် လုပ်ငန်းအဖွဲ့၏
(၁၁) ကြိမ်မြောက် HLTF အစည်းအဝေး၌ အပြီးသတ်ရေးဆွဲခဲ့ပြီး (၄၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ
အတည်ပြုခဲ့ပြီးဖြစ်သည်။ အဆိုပါ မျှော်မှန်းချက်ကို ၂၀၂၅ ခုနှစ်မှ ၂၀၄၅ ခုနှစ်အတွင်း
ဆက်လက် အကောင်အထည်ဖော်မည့် မဟာဗျူဟာ လုပ်ငန်းအစီအစဉ်များကို အာဆီယံနိုင်ငံရေးနှင့်
လုံခြုံရေး အသိုက်အဝန်း (APSC)၊ စီးပွားရေးအသိုက်အဝန်း (AEC)၊ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်း
(ASCC) နှင့် အာဆီယံပေါင်းစပ်ဆက်သွယ်မှု ညှိနှိုင်းရေးကော်မတီ (ACCC) တို့အကြား ညှိနှိုင်းရေးဆွဲဆောင်ရွက်ခြင်း
ဖြစ်ကြောင်းသတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment