နေပြည်တော် ဒီဇင်ဘာ ၇
အလုပ်သမားရေးရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့်အတူ ယနေ့တွင် မြန်မာ အလုပ်သမားများ အများဆုံးနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်တွေ့ဆုံအားပေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာများသို့ သွားရောက်ကြည့်ရှုသည်။
မြန်မာလုပ်သားများကို
အားပေးစကားပြောကြား
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမြို့ရှိ Asian Seafoods စက်ရုံ၌ အလုပ်လုပ်ကိုင်နေကြသည့်
MoU မြန်မာလုပ်သားများနှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာ မိသားစုများထံ ရရှိလစာ ၂၅ ရာခိုင်နှုန်းပေးပို့ကြရန်၊
Remmittance Management System Mobile Application ဖြင့် မြန်မာနိုင်ငံရှိ မိသားစုများထံ
တရားဝင်လမ်းကြောင်းမှ အလွယ်တကူငွေလွှဲစနစ်အား ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်
ပြသခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စားလှယ်က အခွန် ၂ ရာခိုင်နှုန်း
အကြောင်း ရှင်းလင်းခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကိုယ်စားလှယ်က
EID စနစ်အကြောင်း ရှင်းလင်းပြောကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး မြန်မာအလုပ်သမားများ၏
လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းကာ အတူတကွ နေ့လယ်စာသုံးဆောင်၍ Sure Tex စက်ရုံရှိ
MoU မြန်မာ လုပ်သားများအား တွေ့ဆုံအားပေးစကား ပြောကြားကြသည်။
သွားရောက်ကြည့်ရှု
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆူရတ်ဌာနီမြို့ရှိ မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ် (Certificate of Identity- CI) ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာများသို့
သွားရောက်ကြည့်ရှုကြသည်။
ထိုင်းအစိုးရအဖွဲ့၏
ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) အတွက်
အမည်စာရင်းတင်သွင်းခဲ့သည့် မြန်မာအလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့ကြောင်း၊
အလုပ်သမားများသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မတိုင်မီ work permit လျှောက်ထားခြင်း၊
ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအာမခံဝယ်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး
Work permit လျှောက်ထားခြင်းအတွက် အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၄၅၀၊ ကျန်းမာရေး စစ်ဆေးခြင်း
အတွက် ဘတ် ၅၀၀ နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ တစ်နှစ်အာမခံအတွက် ဘတ် ၁၆၀၀ သို့မဟုတ်
ပုဂ္ဂလိကကုမ္ပဏီမှ ၆ လ အာမခံအတွက် ဘတ် ၉၉၀ နှင့် လူမှုဖူလုံရေး အာမခံစနစ် အကျုံးမဝင်သည့်သူများသည်
တစ်နှစ်အာမခံကို ဝယ်ယူရမည် ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ် စုစုပေါင်းအတွက် အလုပ်သမားတစ်ဦးလျှင်
အနည်းဆုံး ဘတ် ၂၉၄၀ မှ အများဆုံး ဘတ် ၃၅၅၀ ကျသင့်မည် ဖြစ်ကြောင်း။
Work
permit နှင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းစဉ်ဆောင်ရွက်ပြီးသည့် အလုပ်သမားများသည် ၂၀၂၄
ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ Biometrics data ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးဗျုရိုတွင်
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပြီးနောက် Department of
Provincial Administration သို့မဟုတ် Bangkok Metropolitan Administration ဌာနများတွင်
မှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁
ရက်မတိုင်မီ CI သို့မဟုတ် Passport ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်း။
ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်
မြန်မာဘက်အနေဖြင့်
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စခန်း ငါးခုနှင့် Mobile
Team သုံးခု ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အလုပ်သမားများ အများစုနေထိုင် လုပ်ကိုင်သည့်
နေရာများသို့ Mobile Team များကို လွယ်လင့်တကူ ရွှေ့ပြောင်းဖွင့်လှစ်ပေးခြင်းဖြင့်
အလုပ်သမားများသည် လုပ်ငန်းခွင်မပျက် အထောက် အထား လျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့်လည်း
လုပ်ငန်းခွင်ကို အရှိန်အဟုန်မပြတ် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ပွဲစားများ၏ အမြတ်ထုတ်မှုများကိုလည်း
ကာကွယ်ပြီး ဖြစ်သည့်အတွက် Mobile Team များကို အရေအတွက် များများဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment