Wednesday, December 13, 2023

ပုဂံရှေးဟောင်းဘုရားများ ပြင်ဆင်ထိန်းသိမ်းနေမှုနှင့် လမ်းမျက်နှာပြင်ပေါက်နေမှု ပြင်ဆင်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဒီဇင်ဘာ ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုဂံရှေးဟောင်းဘုရားများကို ကြည့်ရှုစစ်ဆေးရာ အဆောက်အဦဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်နှင့်အဆောက်အဦ အထူးအဖွဲ့(၇)တာဝန်ခံ အင်ဂျင်နီယာများက မိုးကြိုးလွှဲတပ်ဆင်ရန်စီမံဆောင်ရွက်မှုနှင့် ဘုရားများမွမ်းမံ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေ အနေများကို ရှင်လင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကမ္ဘာ့အမွေအနှစ်ရှေးဟောင်းဘုရားများဖြစ်၍ မူလ လက်ရာမပျက် မွမ်းမံထိန်းသိမ်းရန်နှင့် ဘုရားများရေရှည်တည်တံ့ခိုင်မြဲရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရည်အသွေးထိန်းသိမ်းရေး ဓာတ်ခွဲခန်းနှင့် နိုင်လွန်ကတ္တရာထုတ်လုပ်သည့် လုပ်ငန်းခွင် (AC Plant) သို့ရောက်ရှိပြီး သတ်မှတ်စံချိန်စံညွှန်းများ အတိုင်းအရည်အသွေးရရှိရေး မှာကြားပြီး နိုင်လွန်ကတ္တရာ ထုတ်လုပ်သည့် လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဗျတ္တပန်းဆက်လမ်း ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်နေ မှုနှင့် ရန်ကုန် - ပြည် - မန္တလေးလမ်း မိုင်တိုင်အမှတ် (၄၀၂/၀)မှ (၄၀၂/၁) အတွင်း (ကျောက်ပန်း တောင်းမြို့နှင့် ပုပ္ပားမြို့အကြား) ရှိ ပန်းထုပ်ချောင်းရေကျော်ပြုပြင် ခြင်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ ရန်ကုန် - ပြည် - မန္တလေးလမ်း ပုပ္ပားနှင့် ကျောက်ပန်းတောင်း လမ်းပိုင်းရှိ မိုင်တိုင် (၃၉၈/၆)နှင့် (၃၉၉/၆)တွင် လမ်းအနိမ့်အမြင့်ညှိ ကတ္တရာရေပိတ်လွှာ လောင်းခြင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်း-ညောင်ဦးလမ်း မိုင်တိုင်အမှတ် (၂၅/၃) နှင့် (၂၅/၄) အကြား လမ်း မျက်နှာပြင် ပျက်စီးနေမှုအား ပြင်ဆင်ခြင်းနှင့် မိုင်တိုင်အမှတ် (၂၀/၅) နှင့် (၂၀/၆) အကြားလမ်း မျက်နှာပြင်ပေါက်နေမှု ပြင်ဆင်ခြင်းလုပ်ငန်းတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်


No comments:

Post a Comment