မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၅/၂၀၂၃)ကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီ ကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀ မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီအလိုက် စိုက်ပျိုးသီးနှံများ စိုက်ဧက ပြည့်ဝစွာစိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စိုက်ဧကများပြည့်မီအောင် စိုက်ပျိုးရေးနှင့် သီးနှံများ အထွက်တိုးအောင် စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြရန် ပြောလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး (၁၇၁၃၅) ဧကကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြပြီး မိုးစပါး (၂၈၄၅)ဧကကျော်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းရာသီမှာ ဆီထွက်သီးနှံများ ဖြစ်ကြသော မြေပဲ (၂၄၀၀၈)ဧက၊ နှမ်း (၁၂၇၆၃) ဧကနှင့် နေကြာ (၅၁၃၀)ဧက၊ စုစုပေါင်း(၄၁၉၀၁) ဧက ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီစားသုံးမှုများပြားလာသကဲ့သို့ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုမှာ လုံလောက်မှုမရှိပါသဖြင့် ပြည်ပမှ စားအုန်းဆီများကို နှစ်စဉ် တင်သွင်းနေရကြောင်း၊ ပြည်တွင်းစားသုံးဆီအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာ သီးနှံတို့ကို အဓိကထား၍ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော “နိုင်ငံ၏ စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်” ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်း ဝင်ငွေတိုးတက်စေရန် ဆောင်းဆီထွက်သီးနှံ စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆီထွက်သီးနှံများအတွက် မြေပဲတစ်ဧကလျှင် ချေးငွေ(၃၀၀,၀၀၀)ကျပ်၊ နှမ်းသီးနှံ တစ်ဧကလျှင် ချေးငွေ (၁၅၀,၀၀၀)ကျပ်၊ နေကြာတစ်ဧကလျှင် ချေးငွေ (၂၀၀,၀၀၀)ကျပ်နှင့် ညီမျှသည့် သွင်းအားစုများရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူများမှ ချေးငွေပြန်လည်ပေးဆပ်ရာတွင် ချေးငွပမာဏနှင့် ညီမျှသော ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊နေကြာ) ထွက်ကုန်များအား ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများ အဖွဲ့ထံသို့ ရောင်းချပြီး ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူများမှ နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၏ အဓိကသီးနှံ (၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဆီထွက်သီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး၊ နေကြာသီးနှံ စိုက်ဧက တိုးချဲ့စိုက်ပျိုးခြင်း၊ ပြည်ပစားသုံးဆီ လျော့ချ၍ ပြည်ထောင်စု၏ စားသုံးဆီ ဖူလုံမှုအား အထောက်အကူပြုနိုင်စေရေးကို သက်ဆိုင်ရာ ဌာနများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အကောင်အထည်ဖော်ရေးအဖွဲ့များအနေဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မျူးကြီး ကျော်ကျော်လင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးဆိုင်ရာများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁၄/၂၀၂၃)ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြ ဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ
No comments:
Post a Comment