Wednesday, December 13, 2023

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၃)တက်ရောက်

 



 မကွေး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃)ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ 

 

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်က “ယခု ဒီဇင်ဘာလမှာဆိုရင် လူထုအားကစားလမ်းလျှောက်ပွဲကို အပတ်စဉ်(စနေနေ့)တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ စာသင်ကျောင်းများမှ ကျောင်းသား/သူများ၏ အင်အားဖြင့် ဆောင်ရွက်နေတာဖြစ်သည့်အတွက် အားလုံးတက်တက်ကြွကြွ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်ပြီး  မိုးသီးနှံလျာထားဧက ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ခဲ့သည့်အားလျော်စွာ အထွက်နှုန်းတိုးတက်ရေး၊ စာရင်းမှန်ကန်မှုရှိစေရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းမရရှိသည့် ကွင်းအလိုက်၊ တောင်သူတစ်ဦးချင်းစာရင်းအား ကွင်းဆင်းကြည့်ရှုနိုင်ရေး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနတို့မှ ကြိုတင်ပြင်ဆင်ထားရှိပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော သွင်းအားစုများအား စိုက်ပျိုးရာသီအချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး တို့အတွက် တိုင်းဒေသကြီးအဆင့် ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းတာဝန် ပေးအပ်ထားရှိပြီးဖြစ်ရာ လုပ်ငန်းအောင်မြင်စေရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ယူပေါင်းစပ်ဆောင်ရွက်သွားဖို့ ပြောကြားလိုကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ  အမှန်တကယ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သူများကို စိစစ်ရွေးချယ်ထုတ်ချေးပေးရန်နှင့် အကျိုးရှိစွာအသုံးပြုနိုင်ရေး ကြပ်မတ်သွားရန်နှင့် မကွေးတိုင်းဒေသကြီးအတွင်း မကွေးခရိုင်၊ ချောက်ခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်ရှိ မြို့နယ် (၁၇)မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၁) ရက်နေ့မှ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီးတိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီး ကော်မတီအနေဖြင့် ကောက်ယူရရှိသော တိရစ္ဆာန်ကောင်ရေစာရင်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပတ်စဉ်တင်ပြလျက်ရှိရာ စာရင်းမှန်ကန်မှုရှိစေရေး သက်ဆိုင်ရာဌာနမှ သေချာစွာစိစစ်တင်ပြပေးဖို့လိုပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်ပတ်သက်ပြီး ယခင်လပတ်အစည်းအဝေးတွေမှာလည်း ကျွန်တော်တို့ရဲ့ တိုင်းဒေသကြီးက အရင်းမပျောက်မတည်ငွေ ကျပ်(၁၀)ဘီလီယံရခဲ့တယ်ဆိုတာ ရှင်းပြထားခဲ့ပြီးဖြစ်၍  အရင်းမပျောက်မတည်ငွေ ကျပ်(၁၀)ဘီလီယံကနေ တိုင်းဒေသကြီးအတွင်းမှာ ထုတ်ချေးဖို့ အဆိုပြုလာတဲ့ လုပ်ငန်းတွေကို တိုင်းဒေသကြီးရဲ့ SOPsနှင့် ညီ/မညီစိစစ်ပြီး အတိုးပြား(၇၀)နှုန်းနှင့် ထုတ်ချေးပေးနေပြီး ပထမအကြိမ် ထုတ်ချေးငွေကျပ် (၂၈၅၇.၇၅၅)သန်း၊ ဒုတိယအကြိမ် ထုတ်ချေးငွေကျပ်(၄၇၈.၃၃၆)သန်း၊ တတိယအကြိမ် ထုတ်ချေးငွေကျပ်(၉၅၂.၅၅၀)သန်း၊ စတုတ္ထအကြိမ် ထုတ်ချေးငွေကျပ်(၈၁၂.၂၀၀)သန်း၊ ပဉ္စမအကြိမ် ထုတ်ချေးငွေကျပ်(၁၄၅၉.၁၀၀)ကျပ်၊ ဆဋ္ဌမအကြိမ် ထုတ်ချေးငွေကျပ်(၄၀၅.၉၆၅)သန်း ဖြစ်ပြီး စုစုပေါင်းကျပ်(၆၉၆၅.၉၀၆)သန်းအား (၁၇.၁၁.၂၀၂၃)ရက်နေ့အထိ Cabinet မှ ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေလက်ကျန်တွင် ငွေကျပ်(၃၀၃၄.၀၉၄)သန်း ကျန်ရှိသည့်အတွက် ထပ်မံရောက်ရှိလာတဲ့ ချေးငွေအဆိုပြုလွှာများကိုလည်း စိစစ်ပြီး ဆက်လက်ထုတ်ချေးပေးသွားမယ်ဆိုတာကို အသိပေး ပြောကြားလိုကြောင်း၊ ချေးငွေထုတ်ချေးထားမှုနှင့်ပတ်သက်ပြီး အတိုးပြန်ဆပ်ရမည့်ကာလကို ချေးငွေရယူထားသော လုပ်ငန်းအပေါ်မူတည်၍ ချေးငွေသက်တမ်း (၁)နှစ်မှ (၃)နှစ်ဖြစ်ပြီး အတိုးနှုန်းကို စတင်စာချုပ်ချုပ်ဆိုသည့်နေ့မှ(၆)လ (၁)ကြိမ် ကောက်ခံသွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများအား စနစ်တကျ ထုတ်ချေးထားပြီးဖြစ်သဖြင့် သက်ဆိုင်ရာဌာနများအနေဖြင့် ပြန်လည်ကောက်ခံခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်သွားစေလိုကြောင်း မကွေးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်-၂ဖြင့် မြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး ဆောင်ရွက်မှုများကို သတ်မှတ်အချိန် ကာလအတွင်း လျာထားချက်ပြည့်မီအောင် ထုတ်ပေးဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်နေတာဖြစ်သည့်အတွက် တိုင်းဒေသကြီးအကြီးအကဲများအနေဖြင့် ကြီးကြပ်မှုအောက်ရှိ ခရိုင်/မြို့နယ်အထိ သတ်မှတ်ကာလပြီးစီးရေး ပေါင်းစပ်ကူညီဆောင်ရွက်ပေးဖို့ ပြောကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း အထည်ဆေးရေးနှင့် ပန်းပုံရိုက်အခြေခံ သင်တန်း(၁)ကြိမ်၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၃)ကြိမ်၊ သီးနှံအခြေခံတန်ဖိုးမြှင့်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁)ကြိမ်၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၁)ကြိမ်၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း (၂)ကြိမ် ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါကြောင်း၊ မကွေးမြို့တွင် စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရေးအတွက် လျာထားမြေဧရိယာ (၄၆၁.၁၄)ဧကအနက် နိုင်ငံတော်ပိုင်မြေ (State Land)အဖြစ် သတ်မှတ်ထားရှိခဲ့သည့် ကျန်အခြားမြေ (၃၂၇.၇၇) ဧကအား နိုင်ငံတော်ပိုင်မြေ (State Land)အဖြစ်မှ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ(Disposal Land)အဖြစ် ပြောင်းလဲနိုင်ရေးနှင့် ယာမြေဧရိယာ(၁၃၃.၃၇)ဧကအား အခြားနည်းအသုံးပြုခွင့်ရရှိရေး ဆောင်ရွက်လျက်ရှိပြီး  မကွေးမြို့တွင် စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်အတွက် ရင်းနှီးတည်ဆောက်သူ Developerအဖြစ် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအား Expression of Interest (EoI)နှင့် Request for Proposal (RFP)အဆိုပြုလွှာများအား (၁၁.၁၀.၂၀၂၃)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တရားဝင်ခေါ်ယူခဲ့ပြီး အဆိုပြု လျှောက်ထားလာသူများအနက် သက်ဆိုင်ရာဌာနများဖြင့် အဖွဲ့များဖွဲ့စည်းပြီး သေချာစိစစ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းအသစ်၊ သက်တမ်းတိုးလျှောက်ထားသော ကျောင်းမှတ်ပုံတင်လျှောက်လွှာများကို ဌာနညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ပြီးဖြစ်ကြောင်းသင်ထောက်ကူပစ္စည်းများလက်တွေ့ အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့် သင်ဆရာ၊ ဆရာမများ အရည်အသွေးမြင့်ဆွေးနွေးပွဲကို (၄.၁၁.၂၀၂၃) ရက်နေ့မှ (၅.၁၁.၂၀၂၃)ရက်နေ့အထိ မကွေး တက္ကသိုလ်တွင်ကျင်းပခြင်းနှင့် တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို(၂၀.၁၁.၂၀၂၃) ရက်နေ့မှ(၂၁.၁၁.၂၀၂၃)ရက်နေ့ အထိ အ.ထ.က(၄)၌ ကျင်းပဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယနေ့လက်ရှိ Social Media များပေါ်တွင် ဖော်ပြနေသည့် သတင်းမှား/ သတင်းတုများ(Fake News)များသည်  မှန်ကန်မှုမရှိသည့်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးစီမံဆောင်ရွက်သွားဖို့ လိုမှာဖြစ်ပြီး၊ နိုင်ငံ့တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းများနဲ့ အေးချမ်းစွာ လုပ်ကိုင်နေထိုင်လိုကြတဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်မှုလုပ်ရပ်များ အားပေးလှုံ့ဆော်နေသော တရားမဝင် ပြည်ဖျက်Mediaများရဲ့ သတင်းတု၊ သတင်းအမှားတွေကို မိမိကိုယ်တိုင်ရော မိမိရဲ့လက်အောက် ဝန်ထမ်းတွေကိုပါ နားလည်သဘောပေါက်ကြဖို့၊ နားမယောင်ကြဖို့ လိုအပ်ပါကြောင်း အထူးတိုက်တွန်း ပြောကြားလိုကြောင်း” စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အစည်းအဝေး (၉/၂၀၂၃) ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးလင်းထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ကဏ္ဍအလိုက် အသီးသီးရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 မောင်ညီညာ


No comments:

Post a Comment