Monday, December 11, 2023

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆက်လက်ဆောင်ရွက်

 


ရန်ကုန် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင်လေးခုရှိ မြို့နယ်လေးခုတို့တွင် ဒီဇင်ဘာ ၄ ရက်မှစတင်၍ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေလာ ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် သုံးခွမြို့နယ် ရပ်/ကျေး ၃၈ ခုမှ ပြည်သူ ၅၂၂ ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ်မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာ ၉ ရက် မှ ၁၀ ရက်အထိ သုံးခွမြို့နယ်မှ မဲဆန္ဒရှင်ပြည်သူ ၁၀၃၅ ဦး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

အဆိုပါ အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ တာမွေမြို့နယ်၊ ခရမ်းမြို့နယ်၊ ဒဂုံမြို့နယ်များတွင် တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment