နေပြည်တော် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူစက်သုံးဆီဆိုင်မန်နေဂျာကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူများအား ထောက်ခံသည့် စာသားများရေးသားသည်ဟု အကြောင်းပြ၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ တောင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို Ayeyarwaddy Times က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။
နိုင်ငံတော်မှ စက်သုံးဆီအမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန် အချိန်ကုန်သက်သာစွာဖြင့် လိုအပ်သည့် မည်သည့်စက်သုံးဆီအမျိုးအစားကိုမဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့်ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များတွင်လည်း အကြိမ်ကြိမ်တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင်ရောင်းချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူ စက်သုံးဆီဆိုင်သည် စက်သုံးဆီအမှန်တကယ်လိုအပ်သည့် ဒေသခံတောင်သူလယ်သမားများနှင့် ပြည်သူများအား စက်သုံးဆီလုံလောက်စွာ ရောင်းချမှုမရှိကြောင်း သတင်းများအရ မြို့နယ်မှတာဝန်ရှိသူများက ဆိုင်မန်နေဂျာအား ခေါ်ယူစစ်ဆေးခဲ့ခြင်းသာဖြစ်ပြီး ငွေတောင်းယူခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများ အထင်အမြင်လွဲမှားလာစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းအမှားများ၊ ကောလဟလသတင်းများကို လုပ်ကြံဖန်တီးရေးသားကာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment