Tuesday, December 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ သပြေနီကျေးရွာအတွင်းသို့ တပ်မတော်မှပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရဟု မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

 


နေပြည်တော် ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကျေးရွာနှင့် ဒေါက်ရပ်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က တပ်မတော်ယာဉ်တန်းအား KNLA နဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ သပြေနီကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံးပြီး ဒေသခံပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Than Lwin Times က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များနှင့် သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းမရှိခဲ့သလို အလူးကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊ သပြေနီကျေးရွာများနှင့် အနီးဝန်းကျင်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တပ်စခန်းချခြင်း၊ လုံခြုံရေးဆောင်ရွက်ခြင်းများမရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေများကို အခွင့်ကောင်းယူ၍ နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသခံပြည်သူများမှ ကြောက်ရွံ့ထိတ်လန့်လာပြီး တပ်မတော်အပေါ် အမုန်းတရားများဖြင့် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို အချိန်ကိုက် ရေးသားထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment