Monday, December 25, 2023

တပ်မတော်မှ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကျောက်စာခန်းကိုကျရောက်ခဲ့ပြီး ကျောက်စာများပျက်စီးသွားခဲ့ကြောင်း မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်အား တပ်မတော်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျောက်စာခန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း တရားမဝင်အကြမ်းဖက်အားပေး Narinjara မှ လူမှုကွန်ရက်စာမျက်မှာများတွင် သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောကြားချက်အရ ၂၄ ရက်နေ့ညပိုင်းတွင် AA လက်နက်ကိုင် သောင်းကျန်းသူများက မြောက်ဦးမြို့ရှိ ရဲစခန်း ၂ ခုအား ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် အဝေးမှရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများနေထိုင်ရာ မြို့အတွင်းရှိ လူနေအဆောက်အဦနှင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအဆောက်အဦအချို့နှင့် ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ AA အကြမ်းဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို ဖုံးကွယ်လိုသောရည်ရွယ်ချက်ဖြင့် တပ်မတော်မှ ပစ်ခတ်သည်ဟု မဟုတ်မမှန်ရေးသား၍ သွေးထိုးလှုံ့ဆော်ကာ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment