Monday, December 11, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ရှမ်းပြည်နယ် လားရှိုးမြို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းများမှ ဆရာ ဆရာမများနှင့်တွေ့ဆုံ


 

လားရှိုး ဒီဇင်ဘာ ၁၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) သို့ရောက်ရှိရာ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

ထိုကဲ့သိုတွေ့ဆုံရာတွင် နည်းပညာတက္ကသိုလ် (လားရှိုး) ၊ ကွန်ပျူတာတက္ကသိုလ် (လားရှိုး) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (လားရှိုး) တို့၏ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတို့က တက္ကသိုလ်နှင့် ကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဒေသခံကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြား သင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment