Tuesday, December 12, 2023

ကျေးလက်နေပြည်သူများနှင့် မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရေး အသက်မွေးပညာသင်တန်းများ အရှိန်အဟုန်မပြတ် ဖွင့်လှစ်ပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

 

ပဲခူး ဒီဇင်ဘာ ၁၂  

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (/၂၀၂၃)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကြာမီ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေများဖြင့် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရတော့မည်ဖြစ်ရာ အချိန်အကန့်အသတ်ဖြင့် ဆောင်ရွက်ရမည့်ကာလဖြစ်၍ သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တင်ပြရာတွင် နယ်မြေဒေသအခြေအနေအပေါ် သုံးသပ်ထည့်သွင်း စဉ်းစားရမည်ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ချေးငွေများ ထုတ်ချေးပေးထားမှုအပေါ် အောက်ခြေတွင် အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားရမှာဖြစ်ကြောင်း၊ One Region One Product ထုတ်ကုန်များ တိုးတက်မြင့်မားလာစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေး သွားရမှာဖြစ်ကြောင်း၊ ယခင်နှစ်က နွေစပါးဧက(.)သိန်းစိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် နွေစပါးဧက ()သိန်းကျော် စိုက်ပျိုးသွားမှာဖြစ်ပြီး တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေးအတွက် ချေးငွေရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဘက်ပေါင်းစုံမြှင့်တင်ပေးနိုင်ရေး လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး သက်ဆိုင်ရာ ဌာနများက ကြိုတင်တင်ပြပေးသွားရမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများနှင့် မသန်စွမ်းသူများ အလုပ် အကိုင်အခွင့်အလမ်းရရှိရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိစေရေး အသက်မွေးပညာသင်တန်းများ အရှိန်အဟုန်မပြတ် ဖွင့်လှစ်ပေးသွားရမှာဖြစ်ကြောင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး သက်ဆိုင်ရာစစ်ဆေးရေးဂိတ်များသို့ စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ရုံးလုပ်ငန်းများအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်ဓါတ်အားနှင့် လောင်စာဆီဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ လမ်းတံတားဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသား ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြခဲ့ကြသည်။ 

၎င်းနောက် အစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံ့ဝန်ထမ်းများ သိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် တည်ဆဲဥပဒေများအား ဖတ်ကြားရှင်းလင်းခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်/သင်တန်းကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများနှင့် သီးခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် တင်ပြချက်များပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)


No comments:

Post a Comment