Wednesday, December 27, 2023

နိုင်ငံ့လူငယ်များအတွက် နည်းပညာဖြင့် ဘဝရပ်တည်ချက်မြင့်မားစေရေး ကြိုးပမ်းဆောင်ရွက်

 


ရေနံချောင်း ဒီဇင်ဘာ ၂၆

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ချောက်)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသတွင်း MSMEs များဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာများပံ့ပိုးပေးနိုင်ရေး၊ ပြည်သူများတစ်ဦးချင်းဝင်ငွေ မြင့်မားစေရေးအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေး မှာကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်နှင့် စာအုပ်များပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းသားဟောင်းများက ကျောင်းဆင်းပြီးနောက် အလုပ်အကိုင်များရရှိကာ ဘဝအဆင့်မြင့်မားလာပုံ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်ပြီး ဗလငါးတန်ဖွံ့ဖြိုးကာ ကျင့်ဝတ်နှင့် စည်းကမ်းလေးစားလိုက်နာတတ်သော လူငယ်များဖြစ်စေရေး ဆောင်ရွက်ရန်တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ သမိုင်းအထိမ်းအမှတ်နေရာများ၊ ပင်မဆောင်၊ အလုပ်ရုံများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်သူများ၏ အကျိုးစီးပွားဖြစ်ထွန်းစေသော နည်းပညာသင်တန်းများဖြင့် လှုပ်ရှားသက်ဝင်နေသော သိပ္ပံဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး အခက်အခဲတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကျောင်းဝင်းအတွင်းရှိ ပင်မဆောင်နှင့် အင်ဂျင်နီယာဌာန အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment