Wednesday, December 6, 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/ ၂၀၂၃) သင်တန်းဆင်းပွဲ တက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ ၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပ္ပားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

တိုက်တွန်းမှာကြား

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် အသိပညာဗဟုသုတများကို ဆက်လက်တိုးပွားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်နှင့် လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပေါင်းစပ်အသုံးပြုသွားကြရန်နှင့် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။

ဂုဏ်ပြုလက်မှတ်များပေးအပ်

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများကို ဆုများချီးမြှင့်ပေးအပ်ပြီး တာဝန်ရှိသူများထံ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

ထို့နောက် သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးကသင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

သင်ကြားပို့ချ

အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနမှဘာသာရပ်ကျွမ်းကျင်သူများနှင့် အခြားသော ဝန်ကြီးဌာနများမှ နည်းပြများဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် စီမံခန့်ခွဲမှုသဘောတရားများ (Management)၊ ကောင်းမွန်သောစီမံအုပ်ချုပ်မှု (Good Governance)၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar Investment Law)၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (Myanmar Companies Law)၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် သီအိုရီများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ၊ သံတမန်ရေးရာ အခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးပြီး သင်တန်းသို့ သင်တန်းသား ၃၈ ဦး တက်ရောက်သည်။

ဆက်လက်ဖွင့်လှစ်သွားမည်

ဝန်ကြီးဌာနအတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(/၂၀၂၃) အထိ အရာထမ်း၊ အမှုထမ်းပေါင်း ၁၉၅ ဦး သင်တန်းပို့ချပြီးဖြစ်ကြောင်းနှင့် သင်တန်းအမှတ်စဉ်(/ ၂၀၂၃) ကို ၂၀၂၄ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment