Tuesday, December 12, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 



မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် MNDAA TNLA AA အဖွဲ့တို့မှ တာဝန်ရှိသူများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်

၁၁-၁၂-၂၀၂၃ ရက်နေ့ ရခိုင်ပြည်နယ် ဗောဓိကုန်းရဲကင်းစခန်း၊ ကရင်ပြည်နယ် ကော့ကရိတ်၊ ကျိုက်ဒုံတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် လားရှိုးမြို့သို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများနှင့်ပတ်သက်၍ ကူညီပံ့ပိုးမှုများ၊ နေရပ်ဒေသတွင် ပြန်လည်အခြေချနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ကျွန်တော်တို့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA ,TNLA , AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုပေါ်မှာ မူတည်ပြီး၊ တိုးတက်မှု အခြေအနေအပေါ်မှာ မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံ ဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်။

ဒီနေ့မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ ဗောဓိကုန်းရဲကင်းစခန်းကို အဝေးကနေလာရောက် ပစ်ခတ်တာရှိခဲ့ပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်၊ ကျိုက်ဒုံလမ်းဆုံမှာ ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝ ပြန်လည်တည်ငြိမ်စေရေးတွေကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နောက်တစ်ခုက မနေ့ကတော့ နိုင်ငံတော်ဝန်ကြီးချုပ် လားရှိုးမှာသွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများနဲ့ တွေ့ဆုံခဲ့ပါတယ်။ စစ်သည်/ရဲမေများနဲ့ တွေ့ဆုံခဲ့ပါတယ်။ ယာယီ နေရပ်စွန့်ခွာပြည်သူများနဲ့ပတ်သက်ပြီး ကူညီပံ့ပိုးမှုများ၊ ပြန်လည်ပြီး နေရပ်ဒေသမှာ အမြန်ဆုံးအခြေချနိုင်ဖို့လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အထူးအလေးထားပြီး ဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနများအနေနဲ့လည်း၊ ဝန်ကြီးများအနေနဲ့လည်း မနေ့ကခရီးစဉ်မှာ သက်ဆိုင်ရာဌာနတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ လိုအပ်ချက်တွေကို အမြန်ပြန်လည်ဖြည့်ဆည်းပြီး ပြည်သူတွေရဲ့လူမှုစီးပွားဘဝ ပြန်လည်ကောင်းမွန် လာစေရေး၊ တည်ငြိမ်လာစေရေး အစွမ်းကုန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment