နေပြည်တော် ဒီဇင်ဘာ ၂၀
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်
ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊
ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊
ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ စာပေအနုပညာရှင်များ၊ ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ သာမဏေများ တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
(၇၆)နှစ်မြောက် လွတ်လပ် ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို
စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ
အနုပညာရှင်များက လူငယ်နှင့်စာပေအနုပညာတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုအား
ကြည့်ရှုအားပေးသည်။
အထိမ်းအမှတ်အခမ်းအနားကြီးဖြစ်
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား
ပြောကြားရာတွင် ယနေ့အခမ်းအနားသည် မိမိတို့နိုင်ငံ၏ အထွတ်အမြတ်ဖြစ်သည့်
လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အခမ်းအနားဖြစ်သကဲ့သို့ လွတ်လပ်ရေးရရှိအောင်
ကြံစည်ကြိုးပမ်းအားထုတ်ခဲ့ကြသည့် မိမိတို့၏ ဘိုဘွားမိဘများကို ပြန်လည်အမှတ်ရဂုဏ်ပြုသည့်
အထိမ်းအမှတ်အခမ်းအနားကြီးဖြစ်သဖြင့် အင်မတန်ကျက်သရေမင်္ဂလာရှိသည့် အခမ်း
အနားကြီးတစ်ခု ဖြစ်သည်ကို ဂုဏ်ယူပြောကြားလိုပါကြောင်း။
အားလုံးသိကြသည့်အတိုင်း
မြန်မာနိုင်ငံ၏သမိုင်းဖြစ်ရပ်မှန်များကို ဆန်းစစ်လိုက်ပါက နယ်ချဲ့တို့၏
ဆိုးညစ်ယုတ်မာသည့်အကြံအစည်များ၊ ခြေလှမ်းများကို သတိထားသိမြင်နိုင်မည်ဖြစ်သကဲ့သို့
နိုင်ငံ့ အင်အားမတောင့်တင်းပါက၊ တစ်နည်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု မခိုင်မာပါက
အချုပ်အခြာအာဏာဆိုသည်မှာ အချိန်တိုတိုအတွင်း၌ပင် လက်လွတ်ဆုံးရှုံးရနိုင်သည်ဆိုသော
ကြီးမား သည့်သင်ခန်းစာများကို မိမိတို့အားလုံး ရရှိခဲ့ပြီးဖြစ်ပါကြောင်း။
စည်းလုံးညီညွတ်စွာနေထိုင်လာခဲ့
မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို
ပြန်ကြည့်မည်ဆိုပါက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအားလုံး သည်
နှစ်ပရိစ္ဆေဒကြာမြင့်စွာ အေးတူပူအမျှ အတူတကွ စည်းလုံးညီညွတ်စွာ နေထိုင်လာခဲ့ကြပါ
ကြောင်း၊ ၁၉ ရာစုအတွင်း၌ နယ်ချဲ့ကိုလိုနီနိုင်ငံကြီးများ၏ လောဘဇောတိုက်ပြီး
အပြိုင်အဆိုင်ကျူးကျော်ရန်ပြုခဲ့ခြင်းကြောင့် မိမိတို့နိုင်ငံအပါအဝင် နိုင်ငံငယ်များသည်
နယ်ချဲ့တို့၏ကျွန်ပြုခံခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း။
မိမိတို့၏ဘိုးဘွားမိဘများသည် ကိုလိုနီနယ်ချဲ့တို့၏
ဆိုးညစ်ယုတ်မာမှုများ၊ သွေးခွဲသပ်လျှိုအုပ်ချုပ်မှု များကြားက တိုင်းချစ်ပြည်ချစ်စိတ်ဖြင့်
ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းတည်ပြီး ပြန်လည်လွတ်မြောက်အောင်
အသက်သွေးချွေးများပေးဆပ်ရယူပေးခဲ့သည်မှာ (၇၆) နှစ်တိုင်ခဲ့ပြီဖြစ် ကြောင်း။
လူငယ်များကို အသိပညာပေး
ယခုအချိန်တွင် ကိုလိုနီဘဝနယ်ချဲ့တို့၏
သွေးခွဲသပ်လျှိုအုပ်ချုပ်မှု၏အကျိုးဆက်သည် တိုင်းရင်းသား များကြားတွင်
ယနေ့အချိန်ထိ ကျန်ရှိနေဆဲဖြစ်သည်ကို မိမိတို့အားလုံး သတိပြုရမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် နိုင်ငံတော်ပြိုကွဲပျက်စီးမှု မဖြစ်စေရေး
ဝိုင်းဝန်းကာကွယ်ဆောင်ရွက်ပေးကြရန်နှင့် ခေတ်သစ်ကိုလိုနီဝါဒ၏ လုပ်နည်းလုပ်ဟန်များကို
မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အသိတရား၊ သတိတရား လက်ကိုင်ထားပေးကြရန်အတွက် မျိုးဆက်သစ်လူငယ်များကို
အသိပညာပေးကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။
ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရပင်ဖြစ်စေ၊
မိမိတို့နိုင်ငံ၏ ပကတိအရှိတရားအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်
အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊
အမျိုးသားရေး ပန်းတိုင်၊ အမျိုးသားရေးတာဝန်ပင်ဖြစ်ပါကြောင်း။
နည်းလမ်းပေါင်းစုံဖြင့်
ချဉ်းကပ်ဆောင်ရွက်နေ
စစ်အေးခေတ်နှောင်းပိုင်းကာလများတွင်
အင်အားကြီးသည့်နိုင်ငံကြီးများသည် အင်အားနည်းသည့် နိုင်ငံငယ်များအပေါ် ထိန်းချုပ်ခြယ်လှယ်နိုင်စေရန်
သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများကို
မဟာဗျူဟာကျသည့် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ်ဆောင်ရွက်နေကြသည်ကို အားလုံးအသိပင်
ဖြစ်ပါကြောင်း။
သွေးထိုးမြှောက်ပင့်ပေးနေ
အထူးသဖြင့် အင်အားကြီးနိုင်ငံတချို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများကို
၎င်းတို့၏ဩဇာခံပုဆိန်ရိုးများ၊ ကြိုးဆွဲခံရုပ်သေးရုပ်များနှင့်
ထိုးဖောက်ဝင်ရောက်ပြီး လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ကာ မီးမွှေးဆောင်ရွက်နေမှုများ၊
မတည်မငြိမ် ကမောက်ကမဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနှင့်
သွေးထိုးမြှောက်ပင့်ပေးနေကြပါကြောင်း၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး
ဆိုသည့်စကားလုံးများကို ရောင်းကုန်ပစ္စည်းကဲ့သို့သဘောထားပြီး လိုသလိုပုံဖော်ဖိအားပေးအကျပ်ကိုင်မှုများနှင့်
နည်းလမ်းပေါင်းစုံ၊ အကြံအစည်ပေါင်းစုံ အသုံးပြုပြီး ၎င်းတို့၏ ဩဇာလောင်းရိပ်အောက်
သွတ်သွင်းရန် ကြိုးစားနေကြပါကြောင်း။
အလေးအနက်သတိပြု
ယခုကဲ့သို့အခြေအနေတွင် မိမိတို့ကဲ့သို့
နိုင်ငံငယ်များအနေဖြင့် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံး ညီညွတ်စွာ ထိန်းသိမ်းကာကွယ်နိုင်စွမ်းမရှိပါက
ဖရိုဖရဲပြိုကွဲသွားနိုင်သကဲ့သို့ ၎င်းတို့အလိုကျ လိုသလို
ပုံသွင်းလွှမ်းမိုးချုပ်ကိုင်မှုများ ကြုံတွေ့ရနိုင်ပါကြောင်း၊ ၎င်းတို့လက်အောက်ခံ၊
ဩဇာခံဖြစ်သွားနိုင်သည်ကိုလည်း အလေးအနက်သတိပြုကြရန် သတိပေးမှာကြားလိုပါကြောင်း။
နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကိုသယ်ပိုး
ထို့ပြင် ယနေ့အချိန်တွင်
အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို
လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့်အယူအဆများ လုပ်ဆောင်နေကြမည်
ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ်ကြီးမားပါကြောင်း၊ မိမိတို့အားလုံးက မှန်ကန်သည့်အသိ၊
မှန်ကန်သည့်သတိတရားများနှင့် နိုင်ငံ့အကျိုး၊ လူမျိုးအကျိုးကိုသယ်ပိုးပေးကြရန်
တိုက်တွန်းပြောကြား လိုပါကြောင်း။
ယခုကျင်းပသည့် လူငယ်နှင့် စာပေအနုပညာပွဲတော်ကို
နိုင်ငံသားတိုင်းက အထွတ်အမြတ်ထားရ သည့် လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများကို
သိရှိစေရန်၊ လူငယ်များအတွင်း နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်၊
စာပေနှင့်အနုပညာစွမ်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး မှန်ကန်သည့်အတွေးအခေါ်အယူ
အဆများနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန်ဆိုသည့်
ရည်ရွယ်ချက်များဖြင့် ကျင်းပကြခြင်းဖြစ်ပါကြောင်း။
လူငယ်များကို ပိုမိုပြုစုပျိုးထောင်လာ
ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်မည်ဆိုပါက
နိုင်ငံတိုင်းနီးပါးသည် မိမိတို့၏ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းကြီး
ဖွံ့ဖြိုးသာယာစေရန်အတွက် Social
Capital ဟုခေါ်သည့် လူမှုအရင်းများ၊ Intellectual Capital ဟုခေါ်သည့် ဉာဏအရင်းများကို
အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံကြပြီး မျိုးဆက်သစ်လူငယ်များကို
ပိုမိုပြုစုပျိုးထောင်လာကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့်
လူငယ်နှင့်စာပေအနုပညာပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် မဖြစ်မနေဆောင်ရွက်ကြရသည့်
ရင်းနှီးမြှုပ်နှံမှုများစွာအနက် လွန်စွာတန်ဖိုးရှိလှသည့် လူငယ်များ လူသားအရင်းအမြစ်အတွက်
ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ပြောရမည်ဖြစ်ပါကြောင်း။
မိမိအနေဖြင့် မကြာခဏပြောကြားနေသည့် အကြောင်းအရာတစ်ခုကို
ထပ်လောင်းပြောကြား လိုပါကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်ဖွံ့ဖြိုးခြင်း၏ အခြေခံသည်
ပညာတတ်လူ့အရင်းအမြစ်များ ပေါကြွယ်ဝခြင်းပင်ဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်စုံသည့်
လူသားအရင်းအမြစ် ကောင်းများ မဖြစ်မနေလိုအပ်သည်ဟု မိမိအနေဖြင့် ယုံကြည်သည့်အတွက်
နိုင်ငံသားတိုင်း ပညာရည်မြင့်မားရေးကို နိုင်ငံတော်အစိုးရက
ဆောင်ရွက်ပေးရန်လိုသည်ကို မကြာခဏ တွန်းအားပေးပြောကြားခဲ့ပါကြောင်း။
ထူးချွန်ထက်မြက်နေရန် လိုအပ်
အားလုံးသိကြသည့်အတိုင်း လူငယ်ဆိုသည်မှာ
လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထား ပြုရသည့်
လူ့စွမ်းအားအရင်းအမြစ်တစ်ခုပင် ဖြစ်ပါကြောင်း၊ ခေတ်စနစ်များကို
မည်သို့ပင်ဖြတ်သန်းကြရသည်ဖြစ်စေ၊ လူငယ်မျိုးဆက်များသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊
အရည်အသွေးနှင့် ကိုယ်စွမ်းကိုယ်စပိုင်းများတွင် ထူးချွန်ထက်မြက်နေရန်
လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နိုင်ရန်လည်း လူငယ်များ၏ ကြိုးစားအားထုတ်မှုအခွင့်
အလမ်းနှင့်စွမ်းရည်မြှင့်တင်ရေးပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင်
တစိုက်မတ်မတ် တည်ရှိနေအောင် ဝိုင်းဝန်းကူညီပေးကြရမည်ဖြစ်ပါကြောင်း၊
နိုင်ငံတော်အစိုးရအနေ ဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးကို နိုင်ငံတော်၏အနာဂတ်များဖြစ်သည်ဟု
ယုံကြည်တန်ဖိုးထားသည့် အတွက် လူငယ်ရေးရာမူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများကို
ချမှတ်ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး
အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကိုလည်း မိဘနှင့်သားသမီးကဲ့သို့
မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေး နည်းလမ်းများ ရှာဖွေဖော်ဆောင်ပေးလျက်ရှိသည်ကို
အသိပေးပြောကြားလိုပါကြောင်း။
ကာလနှင့်ကိုက်ညီအောင်ပြင်ဆင်
နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို အရည်အချင်းပြည့်ဝသည့်
နိုင်ငံ့သားကောင်းများ ဖြစ်ထွန်း လာစေရန်အတွက် လူငယ်ရေးရာမူဝါဒများကို ခေတ်ကာလနှင့်ကိုက်ညီအောင်
ပြင်ဆင်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊
လူငယ်စကားဝိုင်းများ၊ လူငယ်နှင့် စာပေအနုပညာပြပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများ၊
နွေရာသီအားကစားသင်တန်းများ၊ အာဆီယံနှင့် ဒေသတွင်းလူငယ်ဆိုင်ရာ နိုင်ငံတကာအစည်း
အဝေးပွဲများနှင့် ပြပွဲပြိုင်ပွဲများတွင် တက်ရောက်ဆွေးနွေးပြသယှဉ်ပြိုင်ခြင်းများကို
ဆောင်ရွက်ပေး နေသည့်အတွက် လူငယ်များ၏ အသိပညာနှင့် အတွေးအမြင်များ
ပိုမိုဆန်းသစ်တိုးတက်လာစေခဲ့ပါ ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
လူငယ်များ ပါဝင်လာနိုင်စေရန် အခွင့်အရေးပေးပြီး လက်တွဲဆောင်ရွက်ပေးကြရန်၊
လူငယ်များကို ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ချစ်မြတ်နိုးစေပြီး နိုင်ငံ့တာဝန်ကျေပွန်စေမည့်
သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန်၊ လူငယ်များအနေဖြင့်လည်း
အစဉ်လေ့လာသင်ယူမှုများနှင့် အတတ်ပညာ၊ အသိပညာပြည့်စုံပြီး နိုင်ငံ၏အနာဂတ်အတွက်
အားကိုးအားထားပြုနိုင်မည့်သူများဖြစ်အောင် ကြိုးစားသွားကြပါဟု တိုက်တွန်းမှာကြားလိုကြောင်းဖြင့်
ပြောကြားသည်။
သီဆိုကပြဖျော်ဖြေ
ထို့နောက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားမောင်မယ်များက အားကစားနည်း အလိုက် စွမ်းရည်ပြသခြင်း၊
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က
“ရှေ့သို့လှမ်းချီ မြန်မာပြည်” တေးသီချင်း၊ အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း
နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်း၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ “နတ်မြင်းပျံ” ယိမ်းအက၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက
“ပြည်ထောင်စုကြီး ထာဝရတည်တံ့စေသား” တေးသီချင်း၊ အဆိုတော်ယုန်လေးက “အနာဂတ် သူရဲကောင်း”
တေးသီချင်း၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “ရတနာများစွာ” တေးအော်ပရာ၊ အနုပညာရှင်များက “တာဝန်ကိုယ်စီထိန်းကြမည်”
တေးသီချင်း၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးနှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ
ကျောင်းသား ကျောင်းသူများက “သျှောင်ပေစူး” တေးသရုပ်ဖော်အက၊ သာသနာရေးနှင့်ဝန်ကြီးဌာန
အနုပညာဦးစီးဌာနက “ရှေ့သို့ချီမည်ပန်းတိုင်ဆီ” တေးသီချင်းနှင့် ဖျော်ဖြေရေးအဖွဲ့များက
“ပြည့်ရတနာ” တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီးတို့က ကပြ ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် အနုပညာရှင်များကို
ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး
ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု
ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား
တက်ရောက်လာကြသူများသည် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
လူငယ်နှင့်စာပေအနုပညာပွဲတော်ပြခန်းများ ခင်းကျင်းပြသထားမှုကို
စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
လူငယ်နှင့်စာပေအနုပညာပွဲတော်ကို “ပြည်ထောင်စုအကျိုးသယ်ပိုးဖို့
အသိပညာမြှင့်တင်စို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၂
ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် ဝန်ကြီးဌာနများမှ ပြခန်းများ
ခင်းကျင်းပြသထားကာ ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊
တိုင်းရင်းသား ရိုးရာအစားအစာဆိုင်များနှင့် စာအုပ်အရောင်းဆိုင်များ ခင်းကျင်းပြသထားပြီး
မည်သူမဆိုအခမဲ့လာရောက် လေ့လာနိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





No comments:
Post a Comment